Arc.7.3
3.1K 519 35
စခရင်ပေါ်မှ မြင်ကွင်းသည် လီယောင် အကန်ခံရခြင်းနဲ့ အတူ အဆုံးသတ်သွားခဲ့သည် ။ ထိန်းချုပ်ခန်းထဲမှ လူတိုင်း လေးနက်သွားသည် ။ နည်းပညာတိုးတက်လာသည်နဲ့ အမျှ ပစ္စည်းများကို သုံးစွဲမှုနှုန်းက မြင့်မား လာခဲ့‌သည် ။ Alpha များမှလွဲ၍ ကျန်သည့် သူများသည် ခန္ဓာကိုယ် စွမ်းအား သိပ်မရှိကြပေ ။ လူ့ခန္ဓာကိုယ်မှ လျို့ဝှက်ချက်များကို ရှာဖွေနေကြသော်လည်း အကန့်အသတ်ရှိကာ ပညာရှင်တစ်ယောက် မွေးထုတ်နိုင်ရန် ခက်ခဲလှသည် ။
ဒီအချိန်တွင် ဆွေးနွေးသံများ ညံနေသည့်အခန်းသည့် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည် ။ အချိန်ခနကြာသည်အထိ အသက်ပြင်းပြင်း မရှုရဲကြပေ ။ သူတို့အား ဧရာမသားရဲကြီး တစ်ကောင် စူးစိုက်ကြည့်နေသည်ဟု ခံစားရကာ ချွေးစေးများ ပျံလာကြသည် ။
" သူ .. ဘယ်သူလဲ " အေးစက်ကာ ငရဲမှ တက်လာသည့်အသံကဲ့သို့ စကားသံကြောင့် ဆောင်းရာသီတွင် လေအေးတစ်ချက် တိုက်ခတ်လိုက်သလို တုန်ယင်သွားကြသည် ။
" သူက လက်ထရ် ဂြိုလ်ကို တာဝန်ကျတဲ့ အဖွဲ့ထဲက ဗိုလ်ချုပ်လေးပါ .. "
အခန်းတွင်း ပြန်တိတ်ဆိတ်သွားသည် ။ လူတိုင်း အခန်းဝသို့ ခိုးကြည့်လိုက်သည် ။ ထိုနေရာတွင် အနက်ရောင်ပုံရိပ်တစ်ခုရှိနေခဲ့သည် ။ လူတိုင်း ဘာပြောရမှန်းမသိဖြစ်နေသည့် အချိန်တွင် တဖက်လူက " ဪ.. " ဟု တစ်ချက်သာ ရေရွတ်လိုက်ပြီး ထွက်သွားခဲ့သည် ။
" ဟူးး ဒီလူက ဘယ်လိုလုပ် ဒီ‌ကို ရောက်နေတာလဲ မသိဘူး .." တစ်ယောက်က မျက်နှာကို တစ်ချက် ပွတ်သပ်လိုက်ပြီး စိတ်ဓာတ်ကျစွာ ပြောလိုက်သည် ။
" မင်းက မသိဘူးလား .. စမ်းသပ်ချက် အမှတ်စဉ် ၁၅ က ရုတ်တရက်ကြီး ဦးနှောက်ထိန်းချုပ်ရေး စနစ်ကနေ လွှတ်ထွက်သွားတယ်လေ.. သူက သုတေသနလုပ်ငန်းရဲ့ အချက်အလက် တော်တော်များများကို တောင် ခိုးယူသွားသေးတယ်.." သက်လတ်ပိုင်း လူတစ်ယောက်က စိတ်အားထက်သန်သည့် အမှုအရာဖြင့် ပြောလိုက်သည် ။
" အခု မာရှယ်က အမှတ်စဉ် ၁၅ ကို အခြားအဖွဲ့တွေက သတိမထားမိခင် ပြန်ရချင်နေတာ .. အဲ့တာကြောင့် တော်ဝင် ကာကွယ်ရေးတပ်ကိုတောင် လွှတ်လိုက်ပြီ.. သူ မပါလို့ ဖြစ်မလား ..."