အပိုင်း ၉၅ (ကျောင်းတက်ခြင်း)

3.4K 477 7
                                    

[Zawgyi]

အရင်တုန်းကဆို မုဆိုးကျောက်နဲ့ ယွီဟိုင်က အမဲလိုက်ပြီး ငွေရှာတာမြင်တော့  ရွာထဲကလူငယ်တွေက တောင်ပေါ်တက်ပြီး တောယုန်တွေရစ်ငှက်တွေ မကြာခဏ ဖမ်းလေ့ရှိကြတယ်။ ဒါပေမယ့် ယွီဟိုင်မတော်တဆဖြစ်ပြီးကတည်းက အမဲလိုက်ကျွမ်းတဲ့ မုဆိုးကျောက်ကလွဲပြီး ရွာသားအများစုက တောင်ပေါ်ကိုထပ်မသွားရဲကြတော့ပေ။

ရှီရှန်းရွာမှာ ဆယ်စုနှစ်အတော်ကြာအောင် နေခဲ့တဲ့ အဖိုးကျန်းက တောင်ပေါ်မှာ ဝက်ဝံရိုင်းလို တောကောင်ရိုင်းတစ်ကောင်ရှိတာကို ပထမဆုံးကြားဖူးတာဖြစ်တယ်။ အဲ့ဒီဝက်ဝံရိုင်းကို သတ်ပြီးပြီဆိုပေမယ့် တောင်ပေါ်မှာ အခြား ရက်စက်တဲ့ တောကောင်ကြီးတွေ နေမယ်မနေဘူးဆိုတာ ဘယ်သူသိမှာလဲ။

ယွီဟိုင်ကပြုံးလိုက်တယ်
"အဲ့ဒါ ကိစ္စကြီးမဟုတ်ဘူး တောနက်တောင်နက်ထဲထိ မသွားသရွေ့တော့ ဘာအန္တရာယ်မှ ရှိမှာမဟုတ်ပါဘူး။ အနီးအနားရွာတွေက သူတွေလည်း တောင်ပေါ်က တောအုပ်ကို ဖြတ်သွားနေကြတာပဲလေ နှစ်တွေပဲကြာလာပြီ မတော်တဆဖြစ်တာ ကြားခဲ့ဖူးလို့လား။ အဲ့တုန်းကလည်း ကျနော်တို့ ဂရုမစိုက်မိပဲ ဆောင်းခိုရာက နိုးလာတဲ့ဝက်ဝံကို အနှောက်အယှက်ပေးမိသလို ဖြစ်သွားတာ။ ကြိုတင်လည်း မကာကွယ်လိုက်မိဘူးလေ... အနာဂတ်မှာ ကျနော်တို့ ကိုယ့်ဘာသာ ပိုဂရုစိုက်သရွေ့တော့ အဆင်ပြေနေမှာပါ"

အဖိုးကျန်းက သက်ပြင်းချပြီး ခေါင်းခါလိုက်တယ်။ သူက ပေးတဲ့ကြေးပြားသုံးပြားထဲကနေ နှစ်ပြားထုတ်လိုက်ပြီး သူ့ကိုပြန်ပေးလိုက်တယ်။
"မင်းကလေးတွေက နေရာသိပ်မယူပါဘူး မင်းတစ်ယောက်စာပဲပေးတော့ မင်းမိသားစုလည်း နေထိုင်စားသောက်ရတာ လွယ်ကူမနေဘူးလေ"

ရှောင်ချောင်းက အဖိုးကျန်းကို ကျေးဇူးတင်လိုက်တယ်။ အခုဆို သူမမိသားစုက ငွေကြေးချို့တဲ့နေတဲ့ အခြေအနေမှာမဟုတ်ပေမယ့် သူတို့အားလုံးက အဖိုးကျန်းရဲ့ ကြင်နာမှုနဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်ကို ကျေးဇူးတင်မိနေဆဲပင်။ မောင်နှမနှစ်ယောက်က လှည်းရဲ့ အလယ်မှာနေရာယူလိုက်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ရှီထုန်လေးရဲ့ လွယ်အိတ်ကို မှီထားလိုက်ကြတယ်။ ယွီဟိုင်ကတော့ အရှေ့က အဖိုးကျန်းရဲ့ ဘေးမှာပဲ ထိုင်လိုက်ကာ ရောက်တတ်ရာရာပြောပြီး အချိန်ဖြုန်းနေကြတယ်။ ချန်းဝိန်က မောင်နှမနှစ်ယောက်ရဲ့ဘေးနားထိုင်ပြီး စာအုပ်ကိုင်ကာ စာတိုးတိုးလေးရွတ်နေတယ်။ သူ့ရဲ့ခေါင်းကတော့ လှည်းရဲ့ လှုပ်ရှားမှုအတိုင်း လှုပ်ခါနေလေတယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now