အပိုင်း ၉၇ (ဖျားနာနေသောမြည်း)

3.2K 458 1
                                    

[Zawgyi]

နွားနဲ့မြင်းဈေးက မြို့ရဲ့မြောက်ဘက်ပိုင်းမှာ တည်ရှိတာဖြစ်ပြီး ထိုနေရာက သစ်သားခြံစည်းရိုးတွေနဲ့ ဝန်းရံထားတဲ့ ကွင်းပြင်ဖြစ်တယ်။ ထိုအချိန်မှာတော့ နွားနဲ့မြင်းဈေးက ယောက်ယက်ခတ် နေလေတယ်။ နွား၊ မြင်းနဲ့ လားတွေ ရောင်းတဲ့လူတွေအားလုံးက ဒီနေရာမှာ လာစုဝေးနေကြတယ်။ လေထဲမှာလည်း ဆိုးရွားတဲ့အနံ့အသက်တွေ ဖြစ်တဲ့ တိရစ္ဆာန်တွေရဲ့ မစင်နံ့တွေလည်း ထွက်နေလေတယ်။

"ကျွန်တော် နွားငယ်လေးတစ်ကောင် ရောင်းနေတာ... ဒီနွားငယ်လေးက ၂ လသားပဲ ရှိပါသေးတယ်။ ဒီကောင်က အရမ်းသန်မာတယ်! နောင်ကြီး မင်းလိုချင်တယ်ဆိုရင် ငါ ဒီနွားငယ်လေးကို ဈေးချိုချိုနဲ့ ရောင်းပေးမယ်"

"အကို ကျွန်တော့်ရဲ့ လားကို ကြည့်ပါဦး... ဒါက ၂ နှစ်ပဲရှိသေးတာမလို့ အလုပ်စလုပ်ဖို့အတွက် အချိန်ကောင်းပဲ..."

"မင်းလားရဲ့ခြေထောက်တွေက တစ်ခုခု ဖြစ်နေတဲ့ပုံပဲ။ လမ်းမလျှောက်နိုင်ပဲနဲ့ ငါက အဲ့တာကို ဘာအတွက်လိုမှာလဲကွ"

"နွားငယ်လေးက အရမ်းသေးတယ်။ ငါက နွေဦးအစပိုင်းမှာ အလုပ်လုပ်နိုင်လောက်မယ့် နွားငယ်တကောင် လိုချင်တာ..."

"ဦးလေး, ကြည့်ပါဦး ကျွန်တော့်..."

သူမနားထဲမှာ အသံမျိုးစုံပြည့်နှက်လို့နေတယ်။ သို့သော်လည်း ရှောင်ချောင်းက ဆူညံသံတွေနဲ့ အရမ်းရင်းနှီးနေသလို ခံစားရတယ်။ လမ်းတစ်လျှောက်မှာ သူမက လူအချို့ကို သူတို့နွားထီးနဲ့ လားတွေရဲ့ ဈေးနှုန်းတွေ  ဘယ်လောက်ရှိလည်းဆိုတာ လိုက်မေးခဲ့တယ်။ ဒါပေမယ့် သူတို့ဈေးနှုန်းတွေအားလုံးက တော်တော်လေး ဈေးကြီးကြတယ်။ သူမအဖေပြောသလိုပဲ သူတို့ ရှီထုန်လေးရဲ့ကျောင်းလခအတွက် မပေးရရင် သူတို့ တစ်ကောင်တော့ ဝယ်နိုင်လောက်တယ်။ ဒါပေမယ့် အဲ့လိုဆိုရင်တောင်မှ လှည်းတစ်စီး တပ်ဆင်ဖို့အတွက် ကျန်တဲ့ပိုက်ဆံက လုံလုံလောက်လောက် မရှိတုန်းဘဲ။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now