|74|

1.9K 334 10
                                    

[Unicode]

ယန်ထန်ဖုန်းချပြီးချိန်မှာ၊ တစ်ဖက်မှအန်ဂျလာက မျက်စိမှိတ်ပြလာတယ်။
"နင့်ရဲ့ချစ်သူလေးလား?"

"အင်း၊ ဟင်းပွဲတွေထပ်မှာလိုက်ဦး။ သူခဏနေရောက်လာလိမ့်မယ်"

မိနစ်၂၀လောက်ကြာပြီးနောက်မှာ၊ ဝိတ်တာရဲ့လမ်းပြမှုနောက်လိုက်ရင်း သူတို့စားပွဲနားရောက်လာတဲ့အမျိုးသားတစ်ယောက်။

"ရှင်းချွမ်၊ ငါ့ရဲ့လုပ်ငန်းပါတနာ အန်ဂျလာ။ အန်ဂျလာ၊ ငါ့ရဲ့ချစ်သူကောင်လေး ဟယ်ရှင်းချွမ်"

'ချစ်သူကောင်လေး'ဆိုတဲ့စကားလုံးကို ပြတ်သားထင်ရှားစွာ ကြားလိုက်နိုင်တယ်။
ဟယ်ရှင်းချွမ်ဟာ မျက်ခုံးပင့်မိသွားပြီ။

အင်္ဂလိပ်စကားပြောမညံ့လှပေမဲ့၊ အရမ်းကြီးကျွမ်းကျင်တယ်တော့ မဟုတ်ခဲ့ဘူး။
ထစ်ငေါ့ထစ်ငေါ့နဲ့ပြောနေသူ ဟယ်ရှင်းချွမ်ကိုကြည့်ရင်း၊ အန်ဂျလာက ယန်ထန့်အားအသံတိုးတိုးဖြင့်
"သူက နင့်ထက်ပိုပြီးချစ်ဖို့ကောင်းတယ်"

ရာသီဥတုဟာ ပူနွေးတဲ့ဘက်သို့ကူးပြောင်းလာခဲ့ပြီ။

ဟယ်ရှင်းချွမ်ရဲ့ တက္ကသိုလ်တတိယနှစ်မှာ၊ နောက်ဆုံးစာမေးပွဲအတွက် စတင်ပြင်ဆင်ရပါပြီ။
အချိန်အများစုဟာ စာကြည့်တိုက်ထဲမှာ။
သူအိမ်ပြန်ရောက်လာတိုင်း၊ ယန်ထန်ဟာ မနည်းလိုက်ဖမ်းနေရတယ်။

ဒေါသပါးပါးလေးပါဝင်နေတဲ့ သက်ပြင်းတစ်ချက်ချရင်း၊ ဟယ်ရှင်းချွမ်ကို သူနဲ့မျက်နှာချင်းဆိုင်စေလိုက်တယ်။
ဖြူလေးရဲ့ပေရေနေတဲ့ရုပ်လေးကိုကြည့်ပြီး၊ စိတ်မဆိုးဘဲမနေနိုင်တော့ဘူး။

"စာမေးပွဲအတွက် ကိုယ့်ကိုယ်ကိုယုံကြည်ပြီးသား မဟုတ်ဘူးလား? ဘာလို့ ဒီရုပ်ဖြစ်နေရတာလဲ!?"

ဟယ်ရှင်းချွမ်က သမ်းဝေနေတယ်။
ကားခါးပတ်ကိုဖြုတ်နေကာ၊ အပြုံးလေးတစ်ချို့ဖြင့်
"ငါ့ရုပ်က ဘာဖြစ်နေလို့လဲ? ငါတွေးနေတာ အစိုးရရှေ့နေစာမေးပွဲဝင်ဖြေမလားလို့..."

"တရားခွင်ဝင်ချင်လို့လား?"

"အင်း၊ အဲ့လိုတွေးနေမိတာပဲ"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now