Part 17*

51.8K 4.2K 124
                                    

" မင်း ပြန်တော့! "

" ခင်ဗျားမပါပဲ ကျုပ်မပြန်နိုင်ဘူး! "

Hotel ကနေ အိမ်ပြန်ဖို့ခေါ်ပေမယ့် မပြန်ဘူးသာငြင်းနေသည်ကြောင့် သီဟကိုယ်တိုင် Hotel မှာနေဖို့ပြင်နေသည်။

" သီဟမင်းထင်! "

" ကျုပ်ကို နှင်မယ်ဆိုလည်း အပိုပဲ"

သေချာကြည့်မိတော့ သီဟရဲ့နှုတ်ခမ်းဟာ ကွဲနေပြီး သွေးစများရှိနေ၏။ ခုနက ထွဋ်ခေါင်ရဲ့လက်ချက်ကြောင့်ဖြစ်သွားရတဲ့ဒဏ်ရာဖြစ်သည်။

" မင်းရှိတဲ့နေရာမှာ ငါမနေနိုင်ဘူး သီဟမင်းထင်! "

ထိုင်နေရာမှထကာ အခန်းကထွက်ဖို့ပြင်နေသူအား သီဟအနောက်ကနေကာ သိုင်းဖက်လိုက်၏။

" မင်း! "

" မရုန်းစမ်းနဲ့ ခင်ဗျားရယ်၊ ခင်ဗျားကို ကျုပ်မတွေ့ရရင် မနေနိုင်တာ ခင်ဗျားသိရက်နဲ့ဗျာ "

ဒါ ဘာစကားလဲ။ ဘယ်တုန်းက ဒီလိုဖြစ်ဖူးလို့လဲ။

" မင်း အရူးထမနေနဲ့ သီဟမင်းထင်၊ ငါ့ကို စကားလုံးတွေနဲ့ချုပ်လို့ရမယ်လို့တွေးမနေနဲ့ "

" ခင်ဗျား ကျုပ်စိတ်ကို ဘယ်ချိန်မှ မြင်နိုင်မှာလဲ"

" မင်းစိတ်ကို မြင်ပြီးပဲထားပါဉီး ငါဘာလုပ်ရမှာလဲ "

" ကျစ်! အဲ့တာတွေပဲ၊ ခင်ဗျားက ခင်ဗျားအတွက်ပဲခင်ဗျားသိတာ၊ ကျုပ်ကိုဆို ခင်ဗျားအနိုင်ယူမယ် လျစ်လျူရှုမယ် ဒါပဲ ခင်ဗျားသိတာ "

" ငါ ဒီထက်ပိုပြီး သိစရာလိုနေလို့လား၊ မင်းနဲ့ငါ့ကြားက အကြောင်းအရာတွေအကုန်လုံး ငါသိဖို့လိုနေလို့လား! "

" လိုတယ်၊ ခင်ဗျားနဲ့ကျုပ်ရဲ့ဆက်ဆံရေး တိုးတက်လာဖို့ ဒါတွေလိုအပ်တယ် "

" ကျစ်! မဖြစ်နိုင်တာတွေ မပြောစမ်းနဲ့၊ မင်း အခုဖယ်! "

" မဖယ်နိုင်ဘူး ငြိမ်ငြိမ်နေ၊ ပြီးမှ ကျုပ်အဆိုးမဆိုနဲ့ "

သီဟမင်းထင် ပွေ့ဖက်ထားရာမှမလွတ်ပေးပဲ မြတ်ထွဋ်ခေါင်ရဲ့ ပခုံးထက် မျက်နှာလေးကိုတင်လိုက်၏။ အသံရှူထုတ်လိုက်မှုက ထွဋ်ခေါင်ရဲ့လည်ပင်းထက်ကျရောက်လာတော့ အနည်းငယ်တွန့်ဆုတ်မိသည်။

မောင့်မူပိုင် (Completed) Where stories live. Discover now