Chapter 29 (U+Z)

6.5K 1.3K 58
                                    

-Unicode-

အခန်း ၂၉: တရားဝင် ကြေညာချက်

မြို့တော်ဂြိုလ် လေယာဉ်ကွင်းတွင်

စစ်သင်္ဘော Wyvern ဟာ လူထု၏ မျက်လုံးပေါင်းများစွာအောက်တွင် ဆင်းသက်လာတယ်။

စစ်သင်္ဘော Wyvern ရဲ့ ဂိတ်ပေါက်တွေ ပွင့်လာတာနဲ့ မရေမတွက်နိုင်တဲ့ ကင်မရာတွေ ပျံဝဲလာကြတယ်။ မြင်ကွင်းကောင်းအတွက် ရှေ့ဆုံးနေရာကို လုနေကြရင်း အရမ်းကပ်နေမှာကိုလည်း ကြောက်နေကြတယ်။ သူတို့က လေထဲမှာပဲ မျောလွင့်ရင်း ရိုက်ကူးနေကြတယ်။ မီဒီယာကုမ္ပဏီအမျိုးမျိုးက အကုန်လုံး သတင်းခေါင်းကြီးပိုင်းကို လုယူချင်ကြတယ်။

ဒီကင်မရာတွေအများကြီးက တိုက်ရိုက်ရုပ်သံလွှင့်နေကြတယ်။ စစ်သင်္ဘော လေယာဉ်ကွင်းမှာ ဆင်းသက်လိုက်တာနဲ့ ကြည့်ရှုသူတွေက ရုပ်သံလွှင့်ပလက်ဖောင်းတွေမှာ စောင့်ဆိုင်းသူတွေနဲ့ ပြည့်လျှမ်းနေပြီ။

သူတို့က စစ်နတ်ဘုရား ဝမ်ရှောင်းယွင် စစ်သင်္ဘောကနေ ဆင်းဆင်းချင်း မြင်ကွင်းကို အမိအရကြည့်ချင်ကြတယ်။ မရေမတွက်နိုင်တဲ့ စကားလုံးတွေဟာ ကွန်းမန့်စခရင်မှာ မရပ်မနား ပျံဝဲနေတော့တယ်။

"စစ်နတ်ဘုရားလား၊ ငါတော့ တကယ် သံသယဝင်မိတယ်။ နင်မကြားလိုက်ဘူးလား။ ဗိုလ်ချုပ်ကြီးဝမ်က အမှိုက်ဂြိုလ်ပေါ်က စွမ်းအင်ဓာတ်ရောင်ခြည်တွေ အကြာကြီးထိတွေ့ခံရပြီး အဆိပ်သင့်ထားတာလေ။ သူ့ရဲ့စိတ်စွမ်းအားတွေက အဆင့်ကျနေပြီ"

"ဟုတ်တယ်။ လွန်ခဲ့တဲ့လဝက်လောက်က သတင်းတွေထဲမှာပြောထားတာ ဗိုလ်ချုပ်ကြီးဝမ်ရဲ့ စိတ်စွမ်းအားက SS အဆင့်ထိကျသွားပြီတဲ့"

"လဝက်တောင်မပြည့်တပြည့်ပဲ ရှိသေးတယ် SSS အဆင့်ကနေ SS အဆင့်ထိကျသွားတာဆိုတော့၊ သူ့စိတ်စွမ်းအားက အခုဆို ပိုတောင်နိမ့်နေပြီလို့ ဆိုလိုတာမဟုတ်ဘူးလား"

"ဒါက ဓာတ်ရောင်ခြည်ဘယ်လောက် အဆိပ်သင့်ခံထားရလဲဆိုတာမှာ မူတည်တယ်"

"သူက အကာအကွယ်လုံးဝမပါဘဲ ဟာလာဟင်းလင်းကြီး ထိတွေ့ခဲ့တာလို့ ပြောတယ်မလား။ ဓာတ်ရောင်ခြည် အကန့်အသတ်ကို ဆိုးဆိုးဝါးဝါး ကျော်လွန်နေလို့ စွန့်ပစ်ခံရတဲ့ အမှိုက်ဂြိုလ်တစ်ခုဆိုမှတော့ ညစ်ညမ်းမှုအဆင့်က နိမ့်မှာမဟုတ်ဘူး ဟုတ်တယ်မလား"

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now