[TN:ဒါဒါတို့ရော ကိုယ်ပြန်လာပါပြီ....မှန်မှန် up ပေးပါတော့မယ်😍]ကျိုးရိကျယ် အိမ်ပြန်ရောက်ချိန်မှာ ကျိုးရိအန်က စောင့်ကြိုနေတယ်။
ဒီညီအစ်ကိုနှစ်ယောက်ကြားမှာ အထူးတလှယ် နီးစပ်ဖို့ရာအကမ်းအလှမ်းမရှိတာကြောင့် အခုလို ညကြီးသန်းခေါင် အစ်ကိုဖြစ်သူရဲ့အိမ်ဝမှာ ငုတ်တုတ်ထိုင်နေတာက ပုံမှန်မဟုတ်တဲ့ အပြုမူမျိုးဖြစ်တယ်။ပုံမှန် မဟုတ်တဲ့ အကြောင်းအရင်းတွေရှိနေပြန်တော့လဲ....
ဒီအကြောင်းရင်းကို ကျိုးရိကျယ်သိနေတယ်။သူ့ဘက်မှာလဲ အကြောင်းပြချက်တွေရှိနေတယ်။
"အထဲဝင်ပြီး ခဏထိုင်လိုက်ဉီး"
ကျိုးရိကျယ် က မထူးခြားနားတဲ့ အမူအရာနဲ့ ဖိတ်ခေါ်လိုက်တယ်။
ကျိုးရိကျယ်က Coat ကို ဆိုဖာပေါ်ဖြစ်သလိုပစ်တင်လိုက်ပြီး နက်ကတိုင်ကို ဖြေလျှော့လိုက်တယ်။
"လက်ဖက်ရည်သောက်မလားလို့တော့ မမေးတော့ဘူး။မင်းမှာပြောစရာရှိနေတယ်မလား...ပြောတော့လေ"
"ကျွန်တော် တစ်ခုပဲမေးမယ်"
ကျိုးရိအန်ရဲ့ အကြည့်တွေက တည်ငြိမ်နေတယ်။ဒါကလဲ ဒေါသကို ကြိုးစားပြီး ချုပ်ထိန်းထားတာကြောင့်ပါ...
"သူ့သဘောနဲ့သူ လုပ်ခဲ့တာလား??ခင်ဗျား ဖိအားပေးခဲ့တာလား??"
ကျိုးရိအန်ဘက်က နာမည်ထုတ်မပြောပေမယ့် ဘယ်သူ့ကို ညွှန်းဆိုနေတယ်ဆိုတာ ကျိုးရိကျယ်သေချာပေါက်နားလည်တာပေါ့။ဒီမေးခွန်းရဲ့ရည်ရွယ်ချက်က ဘယ်ကိုဉီးတည်နေတယ်ဆိုတာကိုလဲ အရှင်းသားသိနေတယ်။သူ့မှာရွေးချယ်စရာနှစ်ခုရှိတယ်။တစ်ခုက အဖြစ်အပျက်အစအဆုံးကို ရှင်းပြလိုက်မယ်...ဒါဆို ကျောက်ချင်ကိုသေလောက်အောင်ချစ်တဲ့ ကျိုးရိအန်က ခွင့်လွှတ်နားလည်ပေးလိုက်မှာပဲ...ဒါဆို နှစ်ယောက်သားပြန်အဆင်ပြေသွားလိမ့်မယ်။နောက်ဆုံးတစ်ခုက..အစအဆုံးကို မရှင်းပြဘဲ result ကိုပဲပြောပြလိုက်မယ်...ဒါဆို နှစ်ယောက်သားဇာတ်သိမ်းပြီး ကျောက်ချင်က လွတ်လပ်တဲ့သူဖြစ်သွားလိမ့်မယ်။
YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။