Part 19

4.7K 513 55
                                    

မင်ကြောင်ဆရာကြီးနှင့်လက်ထောက်လေးယောက်က မင်းသားငယ်လေးနှင့်အိမ်ရှေ့မင်းတို့ထက်အရင် အပြင်ထွက်ရာ ဥယျာဉ်တော်တွင်းကအပျိုတော်လေးများရဲ့ပုခုံးတွင်ပုဆိုးတင်ထားသည်ကိုတွေ့လိုက်သည်။ပုဆိုးကမ်းသည့်ဓလေ့အရ တစ်သက်မှာတစ်ခါ အမျိုးသမီးတွေဘက်ကစပြီး မေတ္တာလမ်းဖောက်ရန် ကမ်းလှမ်းနိုင်သည့်လွတ်လပ်သောအခွင့်အရေးဖြစ်တာမို့ မင်းသားငယ်လေးကိုသဘောကျမိသည့်အပျိုတော်တိုင်းက ပုဆိုးကမ်းလိုကြသည်။ မင်းသားငယ်လေးက ပုဆိုးကိုလက်ခံရင်မင်ခံထောင်ပုဆိုးဖြစ်ပြီး အိမ်ထောင်မှုအရေးအရာထိပါခရီးဆက်လို့ရသည်။မင်းသားငယ်လေးသာလက်ခံရင် မင်းသားငယ်လေးကပုဆိုးကမ်းသူကို ကြိမ်းသေလက်ထက်ရမည်ဖြစ်တာကြောင့် ဘယ်အပျိုတော်ကမှ အခွင့်အရေးကိုလက်မလွှတ်လိုကြ။

သည်ထိုးကွင်းမင်ကြောင်ထိုးသည့်အစဉ်အလာကမေတ္တာရေးပါသည်။လူမှုရေးပါသည်။ ရဲစွမ်းသတ္တိရဲ့ပြယုဂ်ဖြစ်သလိုလုလင်ငယ်နှင့်လုံမပျို ချစ်မေတ္တာလမ်းဖောက်ရတွင်လည်းအရေးပါသည်။

မင်ကြောင်ဆရာကြီးက သူ့ထက်ငါအပြိုင် အလှပြင်ကာ ပုဆိုးကမ်းရန် အသင့်စောင့်နေကြသည့်အပျိုတော်လေးတွေကိုကြည့်ပြီး သက်ပျင်းချလိုက်သည်။ထိုးကွင်းထိုးမည့်နေရာကို အပျိုတော်လေးတွေဝင်ခွင့်မရှိ၍ အပျိုတော်လေးတွေက မင်သကျွန်မှတဆင့် ပုဆိုးကမ်းရန် စောင့်နေရုံသာတတ်နိုင်သည်။မင်ကြောင်ဆရာကြီး အပျိုတော်လေးတွေကိုကြည့်ကာ အော်ဟစ်ပစ်ချင်စိတ်ကတဖွားဖွား။

'စောင့်မနေနဲ့ မင်းတို့မင်းသားငယ်လေးကိုအိမ်ရှေ့မင်းက ပုဆိုးကမ်းပြီးပြီဟ  ချစ်သူရည်စားတွေသာကမ်းတဲ့ မင်ခံထောင်ပုဆိုး မင်ခံထောင်ပုဆိုးဟ မင်ခံထောင်ပုဆိုး'

သို့ပေမယ့်လည်း ဆိတ်ဆိတ်သာနေပြီး ဥယျာဉ်တော်ထဲမှ ခပ်သုတ်သုတ်ထွက်ခွာသွားတော့သည်။ကြာရင် ဦးနှောက်ကမည်သို့မည်ပုံစဉ်းစားမိမည်မသိတော့။

ဗညားသတိုး နန်းစောရှင်ရဲ့ပေါင်တံဖြူဖြူလေးပေါ်မှ အနက်ရောင်ထိုးကွင်းမင်ကြောင်များကို ကြည့်နေသည်။မင်သေ့ကွက်များက ထင်းထွက်နေပြီးလှပသည်။နန်းစောရှင်က အသားအရည်ကောင်းတာကြောင့် မင်ကြောင်များကပိုလို့လှပနေသည်။ဗညားသတိုး နန်းစောရှင် အောက်ပိုးကျိုက်ထားသည်က တင်ပါးမပေါ်လေသောကြောင့် အားမလိုအားမရဖြစ်လာမိသည်။

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now