Chapter 174 + 175

2.7K 577 11
                                    

Zawgyi

Chapter 174
{ လုကော်ပိုရေးရှင်းနှင့် ရှန်ဝေ့ရင်းကြားမှ စာချုပ်အား ချက်ချင်းဖျက်သိမ်းခြင်း - ၁ }

လုပေရွှမ်းသည် ရီကျန်းပြောသည့်အတင်းအဖျင်းတို့ကို နားထောင်ပြီးနောက်တွင် သူသောက်နေသောစွပ်ပြုတ်ပင် သီးသွားခဲ့ကာ အကြိမ်ကြိမ်ချောင်းဟန့်မိသွားတော့တယ်... သူ့မျက်နှာတစ်ခုလုံးလည်း နီမြန်းသွားခဲ့ရ၏...

ထိုအခါ ရီကျန်းသည် ရေနှင့်တစ်ရှူးတို့ကို ယူပေးလိုက်ရင်း " အမယ်လေး... ဥက္ကဋ္ဌလုရယ်... ဘာတွေများ အဲ့လောက်တောင် စိတ်လှုပ်ရှားသွားရတာလဲ... "

လုပေရွှမ်းသည် အကြိမ်ကြိမ်ချောင်းဟန့်ပြီးနောက် သူ့ကိုယ်သူ ပြန်တည်ငြိမ်အောင် လုပ်လိုက်ပြီး ရီကျန်းကို ကြည့်လိုက်ကာ " ဘယ်သူ...အဟွတ်... ဘယ်သူက အဲ့လိုအဓိပ္ပါယ်မရှိတဲ့ကောလဟလတွေကို ​မင်းကို ပြောပြတာလဲ... "

" အင်တာနက်ပေါ်မှာရော လူပြိန်းကြိုက်သတင်းစာနဲ့မဂ္ဂဇင်းတွေမှာ ရေးနေ ပြောနေကြတာလေ... " ရီကျန်းဟာ အပြစ်ကင်းစင်သည့်ပုံစံမျိုးနှင့် ပြန်ဖြေလိုက်လေတယ်... " သူတို့က အသေးစိတ်အထိ သေသေချာချာ ရှင်းရှင်းလင်းလင်း ရေးထားကြတာ... သူတို့အားလုံးက ကျွန်မကို တတိယလူလို့ခေါ်ကြသေးတယ်... တတိယလူရဲ့ကလေးက လုတွေအတွက် အရေးမပါတာမို့လို့ ကလေးရဲ့Lunar Birthdayကိုတောင် ဟိုတယ်မှာ မလုပ်ဘဲ လုဗီလာမှာပဲ လုပ်ခဲ့တာလို့တောင် ပြောထားကြတယ်လေ... "

ထိုသို့ပြောပြီးနောက်တွင်တော့ ရီကျန်းဟာ တစ်ချက်ချလိုက်ရင်း " ကျွန်မကို ဘယ်လိုခေါ်ခေါ် ပြဿနာမရှိပါဘူး... ကျိုးကျိုးလေးက အပြစ်မရှိတဲ့ကလေးလေးလေ... သူတို့က ကျိုးကျိုးလေးကို တတိယလူရဲ့သားလို့ခေါ်ကြတာကို ကျွန်မ တကယ်စိတ်မကောင်းဖြစ်မိတယ်... "

လုပေရွှမ်းသည် ထိုအကြောင်းတို့ကို သိလိုက်ရတဲ့အခါ မျက်မှောင်ကျုံ့မိသွားခဲ့ကာ ဒေါသမီးတို့ တောက်လောင်လာခဲ့ပြီး " ဘယ်အင်တာနက်စာမျက်နှာတွေနဲ့ ဘယ်လူပြိန်းကြိုက်သတင်းစာတွေမှာ ပါလာတာလဲ!!? "

" ရှင် အင်တာနက်ပေါ်တက်ပြီးကြည့်လိုက်တာနဲ့ လူတိုင်းနီးပါးက ကျွန်မကို တတိယလူလို့ပြောပြီး ကျိန်ဆဲနေကြတာကို တွေ့ရလိမ့်မယ်... " ထိုသို့ပြောပြီးနောက်တွင် ရီကျန်းသည် " ရှင်နဲ့ရှန်ဝေ့ရင်းကြားက ကိစ္စတွေကို ကျွန်မ ထိန်းချုပ်ပိုင်ခွင့်မရှိတာသိပါတယ်... ကျွန်မက သားလေးအတွက်ပဲ စိတ်ပူတာပါ... " ဟု တီးတိုးရေရွတ်လိုက်တော့သည်...

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now