part13(unicode)

3.3K 77 0
                                    

Love + Love
|Author Blackclock

     " ဘာအတွက် အရေးတကြီး ခေါ်တာလဲ
ဒယ္ဒီ ပြောမှာသာ ပြောစမ်းပါ"

      ဒေါ်အသွေးမြတ်လျှံခြယ် မရှည်သော
စိတ်နဲ့ ပြတင်းပေါက်အနီး ခါးထောက်ရပ်
လို့ တွေးတောနေတဲ့ ဖခင်ဖြစ်သူကို အသံ
စူးစူးလေးနဲ့ ပြောမိလေတော့

   " သမီး ဟိုကောင်ကို မမေ့နိုင်သေးဘူးလား"
"ဟင်"

   မထင်မှတ်ထားတဲ့ စကားတစ်ခွန်း။

" ဒယ္ဒီ မေးနေတာ ဒယ်ဒီစီစဉ်ပေးတဲ့
မင်္ဂလာပွဲကို သမီး ငြင်းနေလို့ပါ ၊ အခုဆို
ဟိုကောင်နဲ့ ရတဲ့ ကိုယ်ဝန်တောင် မွေး
ပြီး မြေးတောင် အရွယ်အတော်ရောက်နေပြီ"

"ဦးကို သမီး မမေ့နိုင်ဘူးဒယ်ဒီ၊
သမီး နောက်စေ့အရိုက်ခံရလို့ မေ့လဲကျ
သွားတဲ့နောက် ဒယ္ဒီ ဦးကို ဘာလုပ်လိုက်လဲ
ဟင်"

"သမီး ဒီမေးခွန်းကိုပဲ မေးနေတာ နှစ်ပေါင်းဆယ်ချီ
နေပြီနော် မေ့လိုက်တော့ပါ့လားကွယ်၊ သမီး ဒယ္ဒီ
ကို အဲ့အကောင် လာသတ်မယ့် ဘေးအန္တရာယ်က ကယ်ခဲ့ သလို အခုလည်း ယိုင်နဲ့လာတဲ့ ဒယ္ဒီ စီးပွားရေးအတွက် လပ်ပလပ်ဆိုတဲ့ ဘော့စ်ကောင်ကို ယူလိုက်ပါ့လားကွယ်"

  " ပြောရက်လိုက်တာ ဒယ်ဒီရယ်၊ ဒယ်ဒီဟာလေ
သွေးစစ်ချက်အဖြေကြောင့်သာ သမီး ဖခင်အရင်း
လို့ ယုံမိတာ ဟင်း ၊ တကယ်တော့လည်း
သမီးက ဒယ်ဒီအတွက် အသုံးချခံ ပစ္စည်းသက်သက်
ပါပဲ၊ ဆောရီးပဲ ဒယ္ဒီ သားအတွက် ဦးတစ်ယောက်
ထဲပဲ ဖခင်ဖြစ်လာရစေမယ်၊ အကယ်လို့ ဦးကို ဒယ္ဒီ
သတ်ခဲ့လို့ သေသွားခဲ့ပြီဆိုရင်တောင် သားအတွက် ပေထြးဆိုတာ ရှိမလာစေရဘူး ဒယ္ဒီ သမီး သွားတော့မယ်"

  ဒေါ်အသွေးမြတ်လျှံခြယ် တစ်ယောက် ဒေါသ
ရှေ့တန်းတင်လို့ ပြောခဲ့ဆိုခဲ့ပြီးနောက် ထွက်
ချလာခဲ့လေတော့သည်။

   ဟင်း  ဒီကောင်လေးက
တမှောင့် ဘယ်သွားပါလိမ့်

  သားဖြစ်သူကို မတွေ့တော့ လိုက်ရှာဖို့
ပြင်ခဲ့ရပြန်လေသည်။

     " အား အ အား မြွေ မြွေအ"

"ဟင် ဒယ္ဒီ အသံ"

Love + Love [Normal Fiction]Where stories live. Discover now