Chapter-11

14K 1.6K 99
                                    

Unicode

မြတ်နိုးမှုအား ရိပ်မိခြင်း ၁

တစ်မနက်လုံးအနားယူကြပြီး နေ့ခင်းပိုင်းမှာတော့ သူတို့ဟာပူတာအိုနှင့်အနီးတစ်ဝိုက်ကို
အလည်ပတ်ထွက်လာခဲ့ကြသည်။
နှင်း လုံးဝကျဲနေသွားပြီမို့ မြို့ကလေးဟာ နေရောင်ပါးပါးအောက်မှာ အေးမြလန်းဆန်းနေကာ ဖြောင့်တန်းကောင်းမွန်သည့်လမ်းတို့ကိုလည်း ရှင်းလင်းစွာမြင်နေရသည်။

ပူတာအိုသည်ကား သူတို့ထင်ထားသလို
တောင်ပေါ်တောင်ရိုး၌ ကွေ့ပတ်ရှုပ်ထွေးစွာသွားလာရသည့်မြို့တစ်မြို့မဟုတ်။
လမ်းဘေးဝဲယာတွင် လယ်ယာစိုက်ခင်းများရှ်ရှိပြီး စီမံကိန်းအကွက်ဖော်ထားသည့် ဆိုင်းဘုတ်တချို့ကိုလည်းတွေ့ရတတ်သည်။
လမ်းဘေးအိမ်များသည် ဈေးဆိုင်သဖွယ်ခင်းကျင်းထားတတ်ကာ အများစုမှာ ကချင်ဒေသထွက်အစားစာနှင့် ဆေးဝါးများရောင်းချကြသည်။

ကားအဖြူလေးဟာ စက္ကူပန်းများအတန်းလိုက်စိုက်ထားရာ လမ်းမကြီးတစ်လျှောက်မောင်းနှင်လာခဲ့ပြီး ကားပေါ်တွင်ဖွင့်နေသည့် "ကချင်မြေကိုလာပါ တကယ်ပျော်တယ်နော့" ဆိုသည့်သီချင်းသံနှင့်အတူ တငြိမ့်ငြိမ့်ရှေ့ဆက်လျက်ရှိသည်။ဒီသီချင်းကို သူတို့မရိုးနိုင်။

ပူတာအိုအနှံ့ရှိ ရေတံခွန်များ၊ ရေခဲတောင်များ၊ အထင်ကရ ကြိုးတံတားများ၊ ကျွန်းများ၊ ဥယျာဉ်များနှင့် ဘာသာရေးဆိုင်ရာအဆောက်အုံပေါင်းများစွာဆီ လည်ပတ်ချင်သော်လည်း လာရင်းကိစ္စရှိသေးတာကြောင့် ထိုနေရာတိုင်းကိုသွားရောက်ရန် အချိန်မရ။

မနက်ဖြန်တစ်ရက်ထပ်လည်ပြီး သန်ဘက်ခါဆိုရင်ပဲ သူတို့ရဲပင်မခရီးစဉ်စရတော့မည်။
ဒါကြောင့် ကိုဒီးရမ်က ဒီနှစ်ရက်အတွင်း သွားကိုသွားသင့်သည့် နီးစပ်ရာနေရာများကို လိုက်ပို့ပေးမည့်အကြောင်း၊ မူလခရီးစဉ်မစခင် နားနားနေနေ နေစေချင်ကြောင်း အကြုံပြုလာခဲ့သည်။

ဒီနေ့မှာတော့ နေ့လည်စာစားသောက်ပြီးကြသည်နှင့် ပူတာအိုရဲ့နာမည်ကြီးနေရာဖြစ်သော မူလာရှီးဒီကြိုးတံတားဆီ ဦးတည်လိုက်ကြသည်။မူလာရှီးဒီကြိုးတံတားရှိရာ
မူလာရှီးဒီရွာသည် ပူတာအိုမှ၈မိုင်ခန့်အကွာတွင်ရှိကာ ကား၊ဆိုင်ကယ်တို့ဖြင့် လွယ်ကူစွာသွားလာနိုင်သည့်နေရာဖြစ်သည်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now