Unicode (Zawgyiသမားမ်ား ေအာက္ကိုသြားပါ)
စစ်ကျွင်းဝူဟာ သူ့ကိုတစ်ချက်သာ ကြည့်ပြီး နူတ်ဆက်လာသည့် လော့ကျန်းပေ့ကြောင့် စိတ်တိုသွားပေမယ့် ကျန်းယုဝေလို အလှလေးက သူ့ကို ရွေးချယ်ခဲ့သည်မလား၊ပါတီပွဲမှာ လော့ကျန်းပေ့က ဒေါသထွက်ပြီး ပြောဆိုပေမယ့် ကျန်းယုဝေစကားအရဆိုရင် လော့ကျန်းပေ့ဟာ သူမဘက်က ပြန်မချစ်တာကြောင့် တမင်လူကြားထဲမှာ အရှက်ခွဲခဲ့တာဟု ပြောလာတော့သည်။
ဒါကြောင့် အစတည်းက လော့ကျန်းပေ့ကို မနာလိုဖြစ်ကာ မုန်းတီးနေသည့်စစ်ကျွင်းဝူသည် ကျန်းယုဝေစကားကြောင့် သူ့ကိုယ်သူ အောင်နိုင်သူတစ်ယောက်လို ခံစားနေရရုံသာမက နူးညံ့သိမ်မွေ့ပြီး သူ့ကိုသာအားကိုးတတ်သည့်ကျန်းယုဝေကြောင့် သူ့ကိုယ်သူ တကယ့်ယောကျာ်းတစ်ယောက်ဟု ခံစားနေရသည်။ တုမေ့ဟန်နဲ့စေ့စပ်ခဲ့ပေမယ့် ထိုအမျိုးသမီးဟာ သူ့အပေါ် အမြဲအထင်သေးကာ မတူသလိုဆက်ဆံတတ်သည်။အခုလို အမှားအယွင်းဖြစ်သွားပေမယ့် စစ်ကျွင်းဝူ နည်းနည်းမှ နောင်တမရပေ၊ ကျန်းမိသားစုဟာ သူတို့ထက် နိမ့်ချကာ ကျန်းယုဝေဟာလည်း လှပသည့်ကောင်မလေးဖြစ်ပြီး သူ့ကို စိတ်ကျေနပ်အောင် လုပ်ပေးတာကြောင့် သူ့အတွက် တန်သည်ဟုဆိုရမည်။
လော့ကျန်းပေ့ဟာ ကျန်းယုဝေကို စိတ်ဝင်စားခဲ့မှာ သေချာသည်၊မဟုတ်ဘဲနဲ့ ပါတီကျမှ ဘာလို့ရုတ်တရပ်ကြီး ဘာမှမသက်ဆိုင်ဘူးလို့ ဆိုရတာလဲ၊
"စီနီယာလော့" ကျန်းလင်းရှဟာလည်း မျက်နှာနည်းနည်းရဲနေပြီး သူဟာလော့ကျန်းပေ့ကို ကြည့်ကာခေါ်လိုက်သည်။အနားမှာဘယ်သူမှမရှိတာကြောင့် လော့ကျန်းပေ့ဟာ တစ်ယောက်တည်း လာတာဟု သူဟာ ထင်မှတ်ကာ သူ့အခွင့်အရေးဟု သတ်မှတ်လိုက်ခြင်းဖြစ်တယ်၊
"ဒယ်ဒီ" ဒါပေမယ့် ထိုအသံကြားလာသည့်ချိန်မှာ ကျန်းလင်းရှဟာမျက်နှာပျက်သွားပြီး ရောက်လာသည့်လူငယ်ကို မုန်းတီးစွာစိုက်ကြည့်နေတော့သည်။ဘာလို့ ဒီကောင်က စီနီယာလော့နားမှာ အမြဲရှိနေရတာလဲ၊
"ပေါင်ပေ့" လော့ကျန်းပေ့ကလည်း ထိုကောင်ကို နူးညံ့စွာခေါ်လိုက်ချိန်မှာ ကျန်းလင်းရှ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်မိသည်။သူခေါ်တုန်းကကျတော့ နည်းနည်းလေးတောင် အရေးမစိုက်ခဲ့သည့်လူဟာ လော့ရှန်ဟွာနဲ့ဆိုပြောင်းလဲသွားတတ်သည်ကို မြင်ရတာ သူရဲ့မနာလိုစိတ်ကို ပိုမိုကြီးထွားအောင်လုပ်နေသလိုပင်၊

YOU ARE READING
Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား(Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား)
RomanceZawgyi/Unicode Started date: 25.oct.2020 End date: ???????? လော့ကျန်းပေ့ x လော့ရှန်ဟွာ