Chapter -44

14.1K 1.3K 43
                                    

Unicide

ကားရှေ့မှာ ပိတ်ရပ်နေသည့် ကျန်းလင်းရှကြောင့် ကားဒရိုင်ဘာဟာ အခက်တွေ့သွားဟန်ဖြင့် ကားတံခါးဖွင့်လိုက်ပြီး ကျန်းလင်းရှကို ထွက်သွားရန်ပြောလိုက်သည်။ဒါပေမယ့် ခေါင်းမာနေတာကြောင့် ကားဒရိုင်ဘာမှာ အခက်တွေ့နေတော့သည်။ ထိုချိန်မှာ သူတို့ သခင်လေးဟာ ကားထဲကနေ ထွက်လာတော့တယ်၊

"ဦးလေးဟန် " လော့ရှန်ဟွာဟာ ဒရိုင်ဘာကို ခေါ်လိုက်ပြီးနောက် သူဟာ ကျန်းလင်းရှနဲ့ဦးလေးဟန်နား လျှောက်လာတော့သည်။

"ဒီက အစ်ကိုကျန်းက ဘာကိစ္စရှိလို့ ကျွန်တော့်တို့ ကားရှေ့လာရပ်နေရတာလဲ" လော့ရှန်ဟွာ သူ့ရှေ့ကလူကို မသိသလိုပုံစံနဲ့ဟန်ဆောင်ရင်း မေးလိုက်တယ်၊

"စီနီယာလော့ကို ပြောစရာရှိတယ်" ကျန်းလင်းရှဟာ သူရဲ့လေသံမာသွားသည်ကိုပင် အရေးမစိုက်ပေ၊သူ့အနေနဲ့ လော့ရှန်ဟွာကို ရွံရှာမုန်းတီးတာကြောင့် အခုလိုစကားပြန်ပြောပေးတာပဲ ကျေးဇူးတင်သင့်တယ်၊

"ကျွန်တော့်ကို ပြောလို့ရတယ် ဒယ်ဒီက ခင်ဗျားနဲ့မပြောချင်ဘူး" လော့ရှန်ဟွာဟာ သူ့ဘက်က​တောင် လေသံစလျှော့ပြီး ပြောပေးရဲ့နဲ့အထက်စီးကနေ လာပြောသည့် ကျန်းလင်းရှကြောင့် ဘာလို့သူကရော ညှာတာနေရမှာလဲ၊

"ဘာ! မဖြစ်နိုင်တာ မင်း မင်း ငါနဲ့စီနီယာလော့ကို တွေ့ခွင့်မပေးတာမလား"ကျန်းလင်းရှဟာ အရင်ဘဝကအကြောင်းအရာများကို တွေးတောမိသွားသည်။အရင်ဘဝကလည်း စီနီယာလော့နားကပ်မရခဲ့တာ လော့ရှန်ဟွာကြောင့်မလား၊လော့ရှန်ဟွာသာ စီနီယာလော့နဲ့သူ့ကြားကို ဝင်မရှုပ်ရင် စီနီယာလော့က သူ့ကို ပြန်ချစ်နိုင်သည်။

"ခင်ဗျားနဲ့ဒယ်ဒီက အသိမို့လို့လား " လော့ရှန်ဟွာ မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းလင်းရှကို စိုက်ကြည့်ကာမေးလိုက်သည်။သူ့အနေနဲ့ အစပိုင်းတုန်းက ကျန်းလင်းရှပေါ် အနည်းငယ်လေးစားမိခဲ့တာ အမှန်ပေ၊ဒါပေမယ့် အခုတော့ မဟုတ်တော့ပေ၊

တဇွတ်ထိုးဆန်လွန်းသည်၊ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်ဘူး၊လူတွေကို အထင်သေးကာ သူကသာအတော်ဆုံးဟု သတ်မှတ်ထားသလို၊သူပြောရင် ဘယ်သူမဆိုလက်ခံပြီးသားဟု ထင်မှတ်ထားပုံရတယ်၊ဒီလိုလူမျိူးကို အရင်လော့ရှန်ဟွာက ရှူံးနိမ့်ခဲ့ရင် ရှူံးနိမ့်လိမ့်မည်၊ဒါပေမယ့် အခု သူက လီရှန်းဟွာ၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now