Chapter -45

10.7K 1K 8
                                    

Unicode

"ကျန်းအိမ်တော်က ရှန်လေးကို ထိခိုက်အောင် လုပ်တာများနေပြီ" လော့ကျန်းပေ့ဟာ သူရဲ့အလုပ်စားပွဲကို ဘောပင်နဲ့တဒေါက်ဒေါက်ခေါက်နေရင်း သူရှေ့၌ ရပ်နေသည့် အနက်ရောင်ဝတ်စုံပြည့် ဝတ်ထားသည့်သူကို ပြောလိုက်သည်။

"ကျန်းအိမ်တော်က မင်းကို အပိုင်ဆွဲချင်ပုံပဲ"

"အဲ့တာက နောက်တစ်ချက်ဖြစ်နိုင်ပေမယ့် ပထမတစ်ချက်က သူတို့က ရှန်လေးကို ပထုတ်ချင်ပုံရတယ် " လို့ ပြောလိုက်တော့ အနက်ရောင်ဝတ်စုံပြည့်နဲ့လူဟာ ဆိုဖာပေါ် သက်တောင့်သက်သာ ထိုင်လိုက်ပြီး သူဟာ ရွှေပြားစေ့တစ်ပြားကို ထုတ်ကာ ဆော့ကစားနေရင်း

"ကျန်းအိမ်တော်ရဲ့နောက်ကွယ်မှာ တစ်စုံတစ်ယောက်ရှိလိမ့်မယ်" လို့ပြောလိုက်တော့ လော့ကျန်းပေ့ဟာ ထိုလူကို ကြည့်လာပြီး သူ့မျက်ဝန်းများဟာ အလင်းတစ်ချက်ဖြတ်သန်းသွားတော့သည်။

"ရှန်လေးက ရန်သူမရှိဘူး ၊ဒါပေမယ့် ရှန်လေး ကြီးထွားလာမှာကို ကြောက်ရွံ့တဲ့သူတွေတော့ ရှိတယ်"

"လော့အိမ်တော်က လှုပ်ရှားချင်ပုံရတယ်၊ သူတို့က မင်းရဲ့တကယ့်သွေးသားဆက်ခံသူပဲ လိုချင်ကြတာလေ၊ကျန်းယုဝေနဲ့အဆင်မပြေတာ သိတော့ ကျန်းလင်းရှနဲ့ အသုံးချချင်ပုံရတယ်"

"အဟက်..." လော့ကျန်းပေ့ဟာ ရယ်လိုက်ပြီးနောက်မှာ သူဟာ Laptopက အချက်အလက်တွေကို ကြည့်နေလိုက်သည်၊

"ကျန်းလင်းရှရဲ့နောက်ကွယ်မှာ တစ်စုံတစ်ယောက်ရှိနေနိုင်တယ် မဟုတ်ဘဲနဲ့ သူက ဘာကြောင့် Fai Huiစီမံကိန်းသတင်းနဲ့ တစ်စုံတစ်ခုကို လာလဲချင်မှာလဲ"

"Fai Huiစီမံကိန်းက သိုဝှက်လွန်းတယ်၊သတင်းလွယ်လွယ်အပေါက်ခံမှာမဟုတ်ဘူး ရှယ်ယာဝင်ထားတဲ့စီးပွားရေးလုပ်ငန်းရှင်တွေတောင် အခုထိ လွယ်လွယ်မသိကြသေးဘူး... ကဲ ကျန်းပေ့ မင်းဘာလုပ်မလဲ" ထိုလူဟာ မတ်တပ်ရပ်ကာ ခါးအကြောဆန့်လိုက်ပြီး ပျင်းရိနေသည့်လေသံဖြင့် မေးလိုက်တယ်၊ကြည့်ရတာ သူဟာ လုံးဝစိတ်မဝင်စားသည့်ပုံစံပင်၊

"ငါးစာအချိတ်ခံလိုက်သင့်လား"

"ဟားဟား... အဲ့တာမှ ပိုပြီးစိတ်ဝင်စားစရာကောင်းမှာ" လို့ ပြောကာ ထွက်သွားတော့သည်။လော့ကျန်းပေ့ကတော့ သူ့မိတ်ဆွေကို တစ်ချက်သာ ကြည့်လိုက်ပြီး သူဟာ သူ့ရဲ့အတွေးရေးမှူးဆီ စာစောင်တစ်စောင်ပို့လိုက်သည်။

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now