Chapter -47

13.7K 1.2K 66
                                    

Unicode

ကျန်းလင်းရှ ရုတ်တရက်ထထွက်သွားသည့်လော့ကျန်းပေ့ကြောင့် ကြောင်အသွားတော့သည်၊သူအနောက်ကနေ လိုက်လံတားဆီးပေမယ့် အကြည့်တစ်ချက်တောင် ပေးကမ်းမလားပဲ ကားပေါ်တက်ကာ မောင်းထွက်သွားတော့သည်။

လော့ကျန်းပေ့လာဖို့အတွက် သူဘယ်လောက်ကြိုးစားခဲ့ရလဲ သူသာသိသည်။အခု တစ်ဖက်က ပို့လာသည့်စာစောင်ကြောင့်၊သူ့ကိုပင် အလေးမထားပဲ ထွက်သွားရက်တယ်၊သူဝမ်းနည်းမှာ မစိုးရိမ်ဘူးလား!

ကျန်းလင်းရှ ဖုန်းနံပါတ်တစ်ခုကို စာပို့လိုက်ပြီး အကျိုးအကြောင်းကို စုံစမ်းတော့သည်။ကိစ္စမရှိဘူး လော့အိမ်တော်မှာ သူ့လူတစ်ယောက်ရှိသည်၊ဒါကြောင့် ထိုမှာ ဖြစ်ပျက်သမျှကို သူအနေနဲ့သိရဖို့ သိပ်မခက်ခဲပေ၊ ထိုနောက် တစ်ဖက်က ပြန်ပို့လာသည့် စာစောင်ကြောင့် သူဒေါသတကြီး ဖုန်းကို ရိုက်ခွဲလိုက်တော့သည်။

"လော့ရှန်ဟွာ! ထပ်ပြီးတော့ မင်းပဲလား!" ဘာကြောင့် ငါတို့နှစ်ယောက်ကြားမှာ လိုက်နှောင့်ယှက်နေရတာလဲ၊စီနီယာလော့က ငါ့အပိုင်ဆိုတာ နားမလည်ဘူးလား၊မင်းနဲ့ မထိုက်တန်ဘူးဆိုတာ မသိဘူးလား!

မင်းကို ငါဒီအတိုင်းမထားဘူး၊မင်းကို တစ်စဆီဖျက်ဆီးပစ်မယ်

---------
နောက်တစ်ရက်၊ကျောင်းခန်းအတွင်း၌ လော့ရှန်ဟွာဟာ ပျင်းရိပျင်းတွဲဖြင့် ခုံပေါ်မှာမှောက်ကာနေရင်း ပြတင်းပေါက်ဘက်ကို ကြည့်နေတော့သည်။မနေ့က သူစိတ်လွတ်စွာငိုမိသည်ကို ပြန်တွေးမိရုံဖြင့် ရှက်လွန်းတာကြောင့် ကျောင်းကို အစောကြီးလာခဲ့ခြင်းဖြစ်သည်၊ ဘယ်သူမှမရောက်သေးတာကြောင့် သူလည်း ခဏမှေးစက်နေလိုက်တော့သည်။

"မြတ်စွာဘုရား!! ရှန်ဟွာ မင်းအစောကြီး ဘာလာလုပ်! ဒီနေ့ နေအနောက်ကနေ ထွက်တဲ့နေ့လား" စလာတည်းက ထန်းဟော်ရှရဲ့အသံဟာ ကျယ်လောင်စွာပင် ၊ဒီကောင် ဘာကြောင့် တစ်နေ့ထက်တစ်နေ့ အာကျယ်လာရတာလဲ၊ လော့ရှန်ဟွာ သူ့ရဲ့လက်တွေကို နားပေါ်တင်ကာ မသိချင်ယောင်ဆောင်လိုက်သည်။ဒါပေမယ့် ခင်မင်ရင်းနှီးလာသည်နှင့် မညှာမတာ ဆော်ရဲသည့်ထန်းဟော်ရှ အကျင့်ကို သူဟာ တကယ်မေ့နေခဲ့သည်ဟာ အမှန်ပေ၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now