အပိုင်း ၉၈ (ဝေစု)

3.1K 446 1
                                    

[Zawgyi]
အပိုင်း ၉၈ (ဝေစု)

ရှီထုန်လေးရဲ့ကျောင်းလခ တစ်လစာနှင့် မြည်းလှည်းဝယ်ဖို့ သုံးလျန် ထပ်သုံးပြီးတဲ့နောက် ရှောင်ချောင်း ပိုက်ဆံအိတ်လေးထဲ ငွေလေးလျန်လောက်သာ ကျန်တော့သည်။ မြို့ထဲရောက်နေတာကို အခွင့်ကောင်းယူကာ သူမ အိမ်အတွက် လိုအပ်အမျှကို ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။

သားအဖနှစ်ယောက်က မြည်းလှည်းကို မြင်းတွေနွားတွေထားတဲ့ဈေးမှာ ထာခဲ့လိုက်ပြီး အစောင့်ကို ကြေးပြားငါးပြား ပေးချေလိုက်သည်။ သူမက လူအိုကြီးကို ရေအိတ်လေး သီးသန့်ပေးကာ နာရီတိုင်း မြည်းလေးကို ရေတစ်ခွက်တိုက်ဖို့ ထပ်ကာထပ်ကာ မှာကြားနေသည်။

ထိုနောက် သူတို့နှစ်ယောက်က မြို့ရဲ့အကြီးဆုံးဈေးသို့ သွားလိုက်ကြသည်။ ဈေးက ဟင်းရွက်တွေနဲ့ ထွက်ကုန်ပစ္စည်းတွေက အရင်လို နုံချာနေတုန်းပင်။ ရောင်းနေသည့် ဟင်းသီးဟင်းရွက် အများစုက ဂေါ်ဖီထုပ်၊ မုန်လာဥဖြူနှင့် ကန်စွန်ဥတို့ပဲ ဖြစ်ကြသည်။ မြေအောက်ခန်းမှာ ကြာရှည်စွာ သိုလှောင်ထားမှန်းလည်း သိသာလှသည်။ အသားတို့ ကြက်တို့ ရောင်းသူများလည်း သိပ်မရှိချေ။

ရှောင်ချောင်းက ကုန်ဆုံဆိုင်ကို ဟင်းခပ်အမွှေးအကြိုင်၊ ပဲငံပြာရည်နှင့် ရှာလကာရည်ဝယ်ဖို့ ဦးစွာသွားလိုက်သည်။ ဒီတစ်ခါမှာတော့ သူမလက်ထဲမှာ ငွေပမာဏတော်တော်လေး ရှိသေးတာကြောင့် အမွှေးအကြိုင်တွေကို သီးခြားစီ ချိန်ယူလို့ရနိုင်သည်။ သူမ ဆယ်ရက်နီးပါး ခံလောက်မယ့် လိုအပ်တဲ့ အမွှေးအကြိုင်တွေကို နှစ်အောင်စစီ ဝယ်လိုက်သည်။

ပြီးတော့လည်း သူမက သူမအဖေလုပ်ပေးထားတဲ့ ဝါးပြွန် ခုနှစ်ချောင်း ရှစ်ချောင်းကိုလည်း အတူယူလာခဲ့သည်။ သူမ ဆိုင်ထဲ ဝင်ဝင်ချင်းမှာပဲ ဆိုင်ရှင်ကို သူမနောက်ဆုံးအကြိမ်က ငှားယူခဲ့တဲ့ ခွက်အစားထိုးအနေနဲ့ ထည့်စရာခွက်အသစ်တွေကို ပေးလိုက်သည်။ ပြီးနောက် သူမက ဆိုင်ရှင်ကို ကျန်နေတဲ့ ဝါးပြွန်တစ်ခုစီထဲ ကြာညို့ တစ်ကျင်း ထည့်ပေးဖို့ ပြောလိုက်သည်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now