Chapter....39

10.2K 637 46
                                    

အိမ်သို့ဝုန်းဒိုင်းကြဲစွာဖြင့် ကမူးရှုးတိုးဆန်စွာ
ပြန်လာသည့် ခမ်း..။

အသက်ရှုသံတွေပြင်းစွာ မျက်ရည်များပိုး
ပေါက်ကျ၍ မိုးစက်များကဲ့သို့ မျက်ဝန်းအိမ်
ထဲမှ အပူတပြင်းလှိမ့်ဆင်းလာကြလေသည်။
အိမ်ပေါက်ဝသို့ ခြေချလိုက်သည့်နှင့် ခမ်းရဲ့
သူမတူတဲ့ ပုံစံကြောင့် အိမ်ထဲရှိအစေခံများနှင့်
တပည့်များက လန့်ဖြန့်နေကြလေသည်..။

တခါမှမတွေ့ဖူးသော ခမ်းရဲ့မျက်ရည်တွေကို
မြင်လိုက်ရသောကြောင့် မြင်ရသူတွေက ဆွံအလျက်...။ ထိုအတူ ခမ်းနဲ့အတူအသက်
ပြန်ပါမလာသည့်ကို သွန်းနဒီ သိလိုက်လေ
သည်...။ ခမ်းရဲ့ လက်ရှိအခြေအနေကြောင်​့
စကားတစ်ခွန်းမှမဟပေမဲ့ အသက်နဲ့ပြသနာ
တစ်ခုခုဖြစ်လာပုံထောက်သည့်ကို နားလည်
လိုက်လေသည်...။

စိတ်ထဲတွင်တော့ ဘယ်လိုဖြစ်လာခဲ့ကြမှန်း
မသိပေမဲ့လည်း အသက်ပြန်မပါလာတာကို
ပင်ကျိတ်ဝမ်းသာလို့မဆုံးနိင်..။သူ့မျက်နှာမြင်
လျှင် ကြိမ်းမောင်းနေတဲ့ ကိုကိုကအခုတော့
သူ့ကိုပင် အရေးမထားဟန်ဖြင့်အပေါ်ထပ်သို​့
အလျင်အမြန်တတ်သွားလေသည်..။

အသက်မရှိတော့တာကို အခွင့်အကောင်းယူ
၍ ဒီအခြေအနေမှာ ကိုကို့ဇနီးဖြစ်အောင်ကြိုး
စားရမည်မဟုတ်လား..။ ပွဲလန်တုန်းဖျာခင်း
ဆိုသည့်စကားက ကျွန်မအတွက်တော့ ဖျာတင်မက....ကိုကိုအတွက်ဆို ကုတင်ပေါ်
တတ်နေပေးရန်လည်းအဆင့်သင့်ပင်..။

အခန်းထဲသို့ ဝင်ရောက်လိုက်သည့်နှင့်အသက်
ချစ်သောအရုပ်လေးများနှင့် အသက်ဆော့နေ
ကြ အရုပ်လေးများက သူ့ကိုလှောင်ပြုံးပြုံး
နေကြသယောင်ပင်...။ မျက်ရည်များလှိမ့်
ဆင်းလာသည့် မျက်နှာအမူအရာကို အရက်
စက်ဆုံးအသွင်ပြောင်းလိုက်ကာ အခန်းထဲ၌
အသက်မတွေ့အောင်ဖွက်ထားခဲ့သော ဓားကို
ယူလိုက်ပြီး လှောင်ပြုံးပြုံးနေကြသောအရုပ်
လေးများကို စိတ်ရှိတိုင်းဓားနဲ့ဆွဲ ဖြဲပြီး တစ်စ
စီ လုပ်ပစ်လေတော့သည်..။

သူ့ဘဝမှာ ယခုလိုအော်ဟစ်ငိုယိုတဲ့အထိ အဖြစ်အပျက်မျိုးမရှိဖူးခဲ့..။ မေမေသေဆုံး
သွားတာကိုတောင် သူအခုထိစိတ်နာတဲ့ခံစား
ချက်မျိုးဖြင့် မငိုဖူးခဲ့ပေ..။

ကကြိုးရုပ်[ Complete ]Where stories live. Discover now