Part 69

2.7K 96 1
                                    

Uni

လိုအပ်သည်ကို မတောင်းဆိုပဲ အမှီအခိုကင်းစွာ ရပ်တည်လိုသော ခွန်းနှင့် ခွန်းလိုအပ်သမျှကို ဖြည့်ဆည်းပေးသည့် မောင်......

ကိုသုတ ပြောတာ မှန်ပါသည်။
မောင်က ကိစ္စအားလုံးကို ဖြေရှင်းပေးထားသည်ပင်။
ခွန်းအတွက် ဘာအခက်အခဲမှ မဖြစ်သလို အရာအားလုံး အဆင်ပြေနေသည်ပင်။

ဒါပေမယ့် မောင်အခုလို အရာအားလုံးကို ဝင်ဖြေရှင်းပေးထားတာကရော
ကောင်းသည့်အရာလား မကောင်းသည့်အရာလား
ခွန်း ကိုယ်တိုင်လည်း သေချာမသိတော့

"မခွန်းသံသာချို ကြွပါ ခင်ဗျ"

hotel ကို အုပ်ချုပ်နေသည့် အကြီးအကဲ
တကယ်တော့ မောင့်လက်အောက်ငယ်သား လူယုံများထဲက တစ်ဦး
ခွန်းကို လာကြိုပါသည်။

ဝန်ထမ်းအားလုံးကလည်း တညီတညွတ်တည်း နှုတ်ဆက်ကြသည်။
ခွန်းလာမည်ဆိုတာ အားလုံးက ကြိုသိနေတာပဲ

အားလုံးကို အလိုက်သင့် နှုတ်ဆက်လျက် ခွန်းအတွက်စီစဥ်ပေးထားသည့် အလုပ်ခန်းအတွင်းသို့ ဝင်လာလိုက်သည်။
အပြင်အဆင်အားလုံးက ခွန်းနှစ်သက်သည့် ပုံစံမျိုး။

"hotel အခြေအနေလေး ကျွန်မကို အစီအရင်ခံပေးပါ"

"ဟုတ်ကဲ့

ဒါက ကျွန်တော်တို့ နှစ်ချုပ်စာရင်းတွေပါ
ဒါကတော့ ဒီတစ်နှစ်အတွက် တည်းခိုသူတွေရဲ့ feedback တွေပါ

ဟိုတစ်လောက အပြောင်းအလဲ အနည်းငယ်ကြောင့်
ဝန်ထမ်းတွေဆီက စကားသံတစ်ချို့ ထွက်ပေမယ့် အခုတော့ အကုန်အဆင်ပြေသွားပါပြီ"

file တွဲတွေ mail တွေအားလုံးကို ခွန်းကြည့်လိုက်သည်။
အကုန်လုံး သေချာပြင်ဆင်ထားသည်ပင်။

"စာရင်းတွေကို ပြင်ဆင်ပေးထားတာပဲ"

"အမှန်တော့
ဥက္ကဌက ဒါတွေအားလုံးကို ပြင်ဆင်ထားဖို့ ကျွန်တော်တို့ကို ညွှန်ကြားထားတာပါ"

"အော်

ကောင်းပါပြီ

ကျွန်မကို ဝန်ထမ်းတွေနဲ့ တွေ့ဖို့အတွက် စီစဥ်ပေးပါဦး
ကျွန်မ ပြောချင်တာလေးတွေလည်း ရှိလို့ပါ"

You had me at helloWhere stories live. Discover now