ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (10)

5.5K 952 49
                                    

[444: Hostတာ့တာ့ရေ..ကျိုးရိအန်က အရှေ့တည့်တည့်မှာ အကောင်လိုက်ကြီးထိုင်နေတာဗျ...]

[ရှဲ့ဟယ်: သိသားပဲ...ဝင်လာကတည်းက မြင်တယ်]

[444: ( ⊙ o ⊙ ) အော်...သတိမထားမိဘူးထင်လို့ပါ]

[ရှဲ့ဟယ်:ဒီကောင်က  Xray စက်ကြီးနဲ့ Scan ဖတ်နေသလို တစ်ကိုယ်လုံးကို ထွင်းဖောက်မတတ်ကြည့်နေတာလေ....မသိချင်ယောင်ဆောင်နေရင်တောင် မြင်နေရတဲ့ဟာကို...]

[444: ကျိုးရိကျယ်ဘာတွေ ကြံစည်နေတာလဲမသိဘူးနော်???သူ့ကို ကြောက်လာပြီ=口=]

[ရှဲ့ဟယ်: မကောင်းတဲ့ အကြံစည်တွေကလွဲရင် တခြားဘာရှိသေးလို့လဲ??စကားမစပ်... အတွင်းရေးမှူးလုပ်ရတာ လွယ်ကူမနေဘူး]

[444: ဟမ်??]

[ရှဲ့ဟယ်😁😁😁: မင်းပဲစဉ်းစားကြည့်လေ....လုပ်စရာတွေရှိတဲ့အခါ အတွင်းရေးမှူးကို လုပ်ခိုင်းတယ်။ ဘာမှလုပ်စရာမရှိတဲ့အခါ အတွင်းရေးမှူးကို လုပ်တယ်]

[444:....]

မမျှော်လင့်ဘဲ ဆိုလိုတဲ့ အဓိပ္ပာယ်ကို ဒီတစ်ခါ နားလည်သဘောပေါက်သွားပါပြီ....ငါလေးက အရင်တုန်းကလို ဖြူစင်တဲ့ Systemလေး မဟုတ်တော့ဘူးပဲ😭😭😭

[ရှဲ့ဟယ်:ဒါပေမယ့်လေ...အတွင်းရေးမှူးတစ်ယောက်ဖြစ်ရတာ မဆိုးဘူးကွ]

[444: ??????]

[ရှဲ့ဟယ်: ကျိုးရိကျယ်က ငါ့ကို တခြားဘာအလုပ်မှမလုပ်ခိုင်းဘဲ ဒင်းက ငါ့ကို လုပ်ဖို့ပဲ ကြံစည်နေတာလေ]

[TN: ရှင်ဘယ်လိုလူလား???အမလေး သွေးတက်တယ်၊သွေးတက်တယ် ရှဲ့ဟယ်ရယ် System novelတွေရဲ့ လမ်းစဉ်ကို ပြောင်းပြန်လှန်ဖို့များ မွေးဖွားလာလေရော့သလားဟယ်😕😕😕]

[444:....]

[ရှဲ့ဟယ်:ဒါက လူတစ်ယောက်ရဲ့ အရည်အချင်းကို အလဟသ ဖြုန်းတီးနေတာပဲ]

တစ်ယောက်ချင်းစီက သက်ဆိုင်ရာဌာနအလိုက် တိုးတက်မှုဖြစ်စဉ်တွေကို အစီရင်ခံနေကြတယ်။နောက်ဆုံးမှာ ကျိုးရိအန် အလှည့်ကိုရောက်လာလေပြီ....

ကျိုးရိအန်က ခန္ဓာကိုယ်နဲ့ ကွက်တိကျတဲ့ Suite ကို ဝတ်ဆင်ထားပြီး ဆံပင်တွေကိုလဲ သပ်ရပ်စွာဖြီးသင်ထားတယ်။အရပ်ရှည်ပြီး ခန့်ညားချောမောတဲ့ ကျိုးရိအန်ရဲ့ တစ်ကိုယ်လုံးကနေ ထက်မြက်ချွန်မြနေတဲ့ ဓားတစ်စင်းလို အငွေ့အသက်တွေ ဖြာထွက်နေတယ်။

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now