Part 40

1.8K 260 93
                                    

[ Unicode ]

နွေးထွေးနေသော ပွေ့ဖက်မှုက အနည်းငယ်လစ်ဟာသွားသည်ကို ခံစားမိသည်နှင့် ဘခ်ဟျွန်းမျက်ခုံးတို့တွန့်ချိုးကာ လှိမ့်လိုက်မိသည်။ တစ်ယောက်အိပ်ကုတင်ဖြစ်သည့်တိုင် လုံလုံလောက်လောက်ကျယ်ဝန်းသည်မို့ အောက်တော့ ပြုတ်မကျသွား၊ သို့တိုင် သတိထားမိသည်က ဘေးနားကလစ်ဟင်းမှု။

အလန့်တကြား မျက်လုံးပက်ကနဲဖွင့်မိလိုက်တော့ မှောင်မဲနေသော အခန်းကျဥ်းထဲ နေရောင်တစ်ပြောက်နှစ်ပြောက်က လိုက်ကာနောက်ကနေ ထိုးဖောက်ဝင်ရောက်နေသည်ကို တွေ့လိုက်ရ၏။ အိပ်ချင်မူးတူးဖြင့် ထထိုင်ကာ ဘေးနားကိုအသာစမ်းကြည့်တော့ အနွေးဓာတ်က သိပ်မပျက်ပြယ်သေး။

ထို့နောက်တွင်မှ ရုတ်တရက်နားစည်ထံ လာရောက်ရိုက်ခတ်သော ရေသံတို့ကြောင့် အနောက်ပါးကိုလှည့်ကြည့်မိကာမှ ရေချိုးခန်းထဲရောက်နေသည်ကို သတိထားမိလိုက်သည်။ ချန်းယောလ်က ရေချိုးနေသည်တဲ့။

ပုံမှန်ဆို သူထိုသို့တွေလုပ်ဖို့ မလိုအပ်သလို မလုပ်ချင်မှန်းသိသာသည့်တိုင် ဘခ်ဟျွန်း၏ လူတစ်ဦးလိုနေထိုင်ပေးရန် တွန်းအားပေးတောင်းဆိုမှုကြောင့် တဖြည်းဖြည်းကျင့်သားရသွားပုံပေါ်သည်။

ထိုလူရှိသေးသည်ဟူသော အသိစိတ်ကအာရုံထဲလွင့်ပျံ့ကာမှ စိတ်ချလက်ချပင် သမ်းဝေရင်း အပျင်းကြောဆွဲလိုက်သည်။ ထို့နောက် ကုတင်ပေါ်က ကုန်းရုန်းဆင်းကာ လိုက်ကာစကို ဆွဲဖယ်လိုက်တော့ တစ်လုံးတစ်ရင်း တိုးဝင်လာသော ရောင်ခြည်ကြောင့် မျက်လုံးများပင် မှေးမှိတ်မိလိုက်သည်အထိ။

ပြတင်းပေါက်သည် အကြည်ရောင်မို့ လှိုင်းတို့လွင့်ခတ်နေသည့် ပင်လယ်ပြာကို တိုက်ရိုက်မြင်နေရသည့်တိုင် အငွေ့အသက်ကိုခံစားလိုစွာ ပြတင်းပေါက်ကိုဘေးသို့ လျှောဖွင့်လိုက်၏။ မျက်နှာထက် ဝေ့ဝဲတိုက်ခတ်လာသောလေက သိပ်တော့မပြင်း။ အိပ်ချင်စိတ်ကို အနည်းငယ်တော့ လန်းဆန်းသွားစေသည်မို့ ပြတင်းပေါက်ဘောင်ပေါ် လက်ထောက်ကာ ရှုခင်းလှလှကို အပြည့်အဝအာရုံခံစားမိသည်။

ရောင်နီသည် သိပ်မပြင်းတော့ပုံအရ နေ့လယ်ခင်းကိုကျော်လွန်၍ ညနေပိုင်းရောက်နေလောက်ပြီဖြစ်သည်။ ဘခ်ဟျွန်းနေ့တစ်ဝက်လောက် အိပ်ပျော်သွားခဲ့သည်ပင်။ ကမ်းခြေတွင်လည်း ဆော့ကစားနေကြသော လူအနည်းငယ်ကိုတွေ့ရပြီး တိတ်ဆိတ်နေသော မနက်ကထက်စာလျှင်တော့ စကားပြောသံတိုးသဲ့သဲ့လေးတွေကပါ လေနှင့်အတူနားထဲတိုက်ခတ်နေသည်။

The LOEYWhere stories live. Discover now