အပိုင်း ၂၃

3K 125 0
                                    

(unicode)

ကဗွီးတွေ့လိုက်သည် နောက်ကျောကြောင့် ကိုကိုမဟုတ်သည်ကိုသိလိုက်၍ မျှော်လင့်ချက်တို့ သည် အဝေးလွင့်သွားရပေပြီး။

" ဘယ်သူပါလဲ "

ကဗွီးဘက်လှည့်လာသောသူကို တွေ့လိုက်ချိန် တစ်ခါမှမတွေ့ဖူးသူ ဖြစ်နေပေသည်။

" ကဗွီးဆိုသူလား "

" ဟုတ်ပါတယ် "

" ဒေါင်းမာန်နဲ့ပတ်သက်ပြီး ပြောစရာရှိတယ် "

ကိုကိုနှင့်ဆိုင်သော အကြောင်းအရာဖြစ်၍ စိတ် ဝင်စားမိပေသည်။

" ထိုင်ပါ။ ကိစ္စအကြောင်းလည်း ဆက်ပါအုန်း "

တိတ်ဆိတ်နေသောအခန်းထဲဝယ် ဒေါင်းမာန်တစ်ယောက်တည်း လက်တော့(ပ်)တစ်လုံးဖြင့်
စီစဥ်၊ စစ်ဆေးစရာများကို ကြည်ရှုနေသည်။ ကုတင်ထက်ရှိနေသူဒေါင်းမာန်သည် အတွင်းဝတ်ဘောင်းဘီတိုတစ်ထည်ကိုသာ ကိုယ်၌ဝတ်ဆင်ထားသည်။

ဒေါင်းမာန်အလုပ်အတွက် စီစဥ်စရာများကို စိီစဥ်ပေးနေသည်။ တာဝန်များလည်း ခွဲဝေစီစစ်နေ သည်။ ဘေဘီထံမှ အဖြေရရုံရှိသေးချိန်ဖြစ်သော်လည်း အလုပ်တို့က များစွာပုံနေသည်။ ထို့ကြောင့် အလုပ်များပြီးပြတ်စေရန်သာ အစွမ်း ကုန်ဆောင်ရွက်နေမိသည်။

..ဒေါက် ဒေါက်ဒေါက်...(တံခါးခေါက်သံ)

အသံကြားလိုက်၍ ပြုံးမိသည်။ ဒီအချိန် ချစ်သူအသစ်စက်စက်​လေးမှလွဲ၍ မ​ဖြစ်နိုင်။ ထို့ကြောင့် ဒေါင်းမာန် အဝတ်တချို့ကို ပြန်ဝတ်လိုက်ပြီး အပြုံးမျက်နှာဖြင့် တံခါးဖွင့်လိုက်လျှင်

" ကဗွီးလား !  "

" surprise ! ! အထဲမခေါ်တော့ဘူးလား "

" ဝင်လာလေ ကဗွီး "

အခန်းတွင်းကို မျက်စိဝေ့ကြည်လိုက်လျှင် တစ် ယောက်တည်းနေပုံပင်။ ရေချိုးခန်း၌လည်း သွားတိုက်တံတစ်ချောင်းတည်းရှိနေ၍ ပိုသေချာသွားရ၏။

ဒေါင်းမာန်စိတ်အနည်းငယ် ရှုပ်ထွေးလာရ၏။ မတော်၍ ဘေဘီတွေ့သွားခဲ့လျှင် ပြသာနာတွေဖြစ် လာနိုင်သည်။ အချိန်ကြာကြာတွဲခဲ့သည် ကဗွီးကိုပဲ အားနာနာဖြင့် လမ်းခွဲစကားဆိုရတော့မည်။
ဒေါင်းမာန်ရင်ကိုလှုပ်ရှားအောင် စွမ်းဆောင်နိုင်
သူအမှန်ကို တွေ့ခဲ့ပြီးဖြစ်၍ ကဗွီးနှင့် ပြတ်ပြတ်သားသားလမ်းခွဲသင့်ပေ၏။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now