Episode♡18

5K 576 46
                                    

အချိန်ဆိုတာရေတံခွန်ကစီးဆင်း​နေတဲ့ ​ရေလိုဘဲ မြန်ဆန်စွာလည်ပတ်​နေသည်....။သူတို့လျင်မြန်စွာ ​သွေးစုတ်​ကောင်​တွေကို သတ်နိုင်လိုက်ပင်မဲ့ တစ်ချို့က​တော့ထွက်​ပြေးကုန်လို့ဖမ်းမမိ​တော့။သူမသာ ကိုယ်မသာနဲ့တိုက်ခိုက်​နေတဲ့အ​ခြေအ​​နေမှာ ဦးရီး​တော်ဟို​ဆော့ရဲ့ အကူအညီ​ကြောင့် တိုင်းသူပြည်သား​တွေကအစ အသက်ကိုစ​တေးပြီး ၀င်ရောက်တိုက်ခိုက်ခဲ့လို့ လျင်မြန်စွာ အပြီးသတ်နိုင်ခဲ့သည်။

ခု​တော့ဂျိုဆွန်းရဲ့ ရှင်ဘုရင်ကဘယ်သူဖြစ်လာမယ်ဆိုတာကို တိုင်းသူပြည်သား​တွေက သိချင်​နေကြပြီဖြစ်သည်။ဘုရင်အ​လောင်းအလျာက​တော့ ရင်မ​အေးနိုင်......သူ့ရဲ့အနာဂတ်ကြင်ယာ​တော်က ​မေ့​မျော​နေတာ ၄ရက်​ကျော်​နေပြီဖြစ်သည်။​ယောင်းရဲ့​ဘေးတွင် တင်ပလွဲ၀င်ထိုင်ကာ နှဖူး​ပေါ်ဝဲကျ​နေတဲ့ ဆံပင်တို့ကိုသတ်တင်​ပေးပြီး ​နူးညံ့​လွန်းတဲ့ကြွေရုပ်​လေးကို မျက်​တောင်မခက်ဘဲကြည့်​နေမိသည်။​ယောင်းနိုးလာရင် ကိုကို့ကိုမုန်းတယ်လို့ ​ပြော​နေ​တော့မှာကို သူသိသည်။သူစိတ်မဆိုးပါဘူး က​လေးငယ်သူ့အ​ပေါ်ဘယ်လိုဘဲပြုမူပြုမူနဲနဲ​လေး​တောင်စိတ်မကွက်ဘူး သူ့​ယောင်း​ပေါက်​လေးက ဘာမှမသိ​သေးတာမို့ ခဏ​တော့စိတ်​ကောက်​နေမှာ​ပေါ့။

"​ဂျောင်ဂု မဟုတ်ဘူး မင်းကြီး"

"ရှူး ​ယောင်းအိပ်​နေတယ်"

​ယောင်း​ဘေးက​နေ ​ဖြေး​ဖြေး​လေးထလာကာ နမ်ဂျွန်းအနားသို့ ​လျှောက်လာပြီး စာပွဲခုံအ​သေး​လေးတွင် ၀င်ထိုင်ရင်းစကားဆိုကြသည်။

"မင်း-"

"အဲ့လိုမ​ခေါ်နဲ့ ​ဂျောင်ဂုလို့ဘဲ​ခေါ်"

"ရှီလာမြို့စားနဲ့သူ့လက်​အောက်ကလူတစ်ချို့ အင်ဝွန်းဆန်း​တောင်ထဲ၀င်​ပြေးသွားကြတယ်"

"အွန်း သူတို့တစ်ချိန်ချိန်​တော့ဒီကိုပြန်လာမှာဘဲ"

"ဘာဘဲဖြစ်ဖြစ် အမြန်ဆုံးနန်းတက်တာက​ကောင်းမယ်"

နမ်ဂျွန်းကဒီလို​ပြော​တော့ ​ယောင်းငယ်ရှိတဲ့ ကုတင်ဆီအကြည့်ပို့ပြီး စိတ်မ​ကောင်း​သော မျက်၀န်းတို့ဖြင့် ​ခေါင်း​အောက်စိုက်သွားတဲ့ ​ဂျောင်ဂု။

More  Than  Love::TK::{Completed}Where stories live. Discover now