Part 18*

51.1K 4.3K 263
                                    

အိမ်ရောက်တော့ ဘာပြောပြော ဘာမှပြန်မပြောသောသူအားကြည့်ကာ စိတ်ငြီးငြူမိပြန်သည်။ ချော့နေပါသော်လည်း မပြေပေးပဲ လျစ်လျူရှုထားသူကြောင့် သီဟကြံရာမရဖြစ်နေသည်။

" ခင်ဗျား တကယ်ပဲ စကားပြန်ပြောဖို့အစီအစဉ်မရှိတော့ဘူးလား "

" ............ "

ဘာမှမပြောပဲ ညအိပ်ဝတ်စုံလဲဝတ်နေသောသူအား လုပ်မိလုပ်ရာလုပ်ပစ်လိုက်ချင်သည်။ ဖဲသားအဖြူရောင်ဝမ်းဆက်ကို ဝတ်ထားပြီး လုပ်ချင်ရာလုပ်နေတဲ့ချစ်ရသူ

ပြန်ရောက်ကတည်းက အခုချိန်ထိ အဝတ်ပင်မလဲနိုင်ပဲ ချော့နေရသူက သီဟမင်းထင်ဖြစ်သည်။ တော်ရုံတန်ရုံချော့လေ့မရှိပေမယ့် ချစ်ရသူမို့ စိတ်ရှည်လက်ရှည်ချော့မိနေသည်။

" ညစာ သွားစားရအောင်"

" ............. "

" ခင်ဗျားက ကျုပ်စိတ်ကိုစမ်းနေတာပဲ! "

သီဟ မနေနိုင်တော့ပါ။ စိတ်က တော်တော်ကိုဆွဲဆန့်ထားရသည်။ အရှေ့ အဖြူရောင်ကောင်လေးအား မနေနိုင်စွာ ပွေ့ချီလိုက်ပြန်သည်။

ရုတ်တရက်မို့ ထွဋ်ခေါင်လည်း လက်နှစ်ဖက်အား သီဟလည်ပင်းတွင်တွယ်ချိတ်မိလျက်သာဖြစ်သွားသည်။ ဘာမှမပြောနိုင်ခင်မှာပဲ နှုတ်ခမ်းအား ငုံ့ကာနမ်းသည်။

" သီဟမင်းထင်! "

" ဟက်....တော်သေးတာပေါ့ အသံထွက်သေးလို့ "

" ငါကိုလွှတ်စမ်း! "

" ညစာ သွားစားမယ်၊ မလွှတ်ပေးဘူး "

" လွှတ်....အွန့် "

" ထပ်ပြောရင် ထပ်နမ်းမှာ! "

နမ်းရင် စိတ်ဆိုးတတ်တဲ့သူက ဒါမျိုးကျတော့ငြိမ်သွားသည်။ ထပ်ပြောရင် တကယ်ထပ်အနမ်းခံရမှာကိုသိသည့်နှယ် ပါးစပ်ကိုတင်းတင်းစေ့ကာ မျက်မှောင်ကျုံ့ထားပြန်သည်။

ထမင်းစားခန်းထဲဝယ် တိတ်ဆိတ်လွန်းနေသည်က အပ်ကျသံပင်မကြားရပေ။ စားဖို့ထိုင်နေသူနှစ်ယောက်မှာလည်း ဇွန်းခရင်းမကိုင်ပဲဒီတိုင်းထိုင်နေသည်။

" ခင်ဗျား မစားဘူးလား "

" .............. "

" ကျစ်! ခင်ဗျားက တော်တော်ပြောရလက်ပေါက်ကပ်တဲ့သူပဲ "

မောင့်မူပိုင် (Completed) Where stories live. Discover now