46

9.4K 1.8K 57
                                    

Unicode

“ဗိုက်ဆာနေပြီလား..?”

ရင်းဆုယဲ့ မျက်လုံးဖွင့်လိုက်တာနဲ့ တစ်စုံတစ်ယောက်ရဲ့ ညည်းတွားသံကို အရင်ဆုံး စကြားလိုက်ရတယ်။ ‘စားစရာလည်း မရှိဘူး’ တဲ့လေ။ ထိုစကားကိုကြားပြီး ရင်းဆုယဲ့ရဲ့ နှုတ်ခမ်းထောင့်တွေက ထိန်းချုပ်လို့မရအောင် ကော့တက်သွားခဲ့တယ်။

“နောက်ဆုံးတော့ နိုးလာပြီပေါ့..”

ရွှယ်ယို့ရှန်း ခေါင်းမော့ကြည့်လိုက်တော့ ထူးခြားလှပလွန်းတဲ့ ရင်းဆုယဲ့ရဲ့ အရောင်ကွဲမျက်ဝန်းတစ်စုံနဲ့ အကြည့်ချင်းစုံသွားတယ်။

တစ်ဦးရဲ့ပုံရိပ်ကို ကျန်တစ်ဦးရဲ့ မျက်ဝန်းအိမ်ထဲမှာ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်တဲ့အထိပဲ။

နေဝင်ဆည်းဆာကို နောက်ခံထားတဲ့ ရင်းဆုယဲ့ရဲ့ ခန္ဓာကိုယ်ထက်မှာ ရွှေရောင်ဖျော့ဖျော့ အလင်းလွှာတစ်ခု ရစ်သိုင်းနေလေပြီး နူးညံ့တဲ့ အရှိန်အဝါတွေ ထုတ်ဖော်လို့နေတယ်။ ရွှေရောင်ဆံနွယ်တွေကလည်း လေနဲ့အတူ လွင့်မျောနေပြီး မူးမိုက်မိန်းမောလောက်အောင် ကြီးကျယ်ခမ်းနားနေတော့တယ်။

လက်ရှိရင်းဆုယဲ့ကို ငေးကြည့်နေမိရင်း ရွှယ်ယို့ရှန်းရဲ့စိတ်ထဲ တစ်ခုခုကွာခြားသွားသလို ခံစားလိုက်ရတယ်။ ဒါပေမဲ့ စေ့စေ့စပ်စပ် အကဲခတ်လိုက်ပြန်တော့ ဘာပြောင်းလဲမှုမှ မရှိဘူး။ ဒီလိုဝိရောဓိခံစားချက်ကြီးက ရွှယ်ယို့ရှန်းကို စိတ်ရှုပ်ထွေးလာစေတယ်။

ရင်းဆုယဲ့က စွမ်းအားတိုးလာလို့ အရှိန်အဝါပြောင်းသွားတာများလား..? အဲ့တာကြောင့် မတူညီတဲ့ ခံစားချက်တွေ ပေးစွမ်းနေတာလား..?

“စောင့်နေရလို့ စိတ်ပူနေပြီလား..?”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းရဲ့ မျက်ဝန်းတွေနဲ့ တန်းတူအနေအထားဖြစ်အောင် ထိုင်ချလိုက်တယ်။ ကောင်ငယ်လေးရဲ့ ခေါင်းကို အသာပွတ်သပ်ပေးရင်း သူ့လက်ချောင်းတွေက ကောင်လေးရဲ့ လည်ပင်းအနောက်နားကို ဖြည်းဖြည်းချင်း လျောဆင်းသွားခဲ့တယ်။ ထိုနေရာလေးကို ပွတ်သပ်နိုင်လိုက်တာကြောင့် သူ့ရဲ့ မျက်ဝန်းတွေက အလွန်အမင်း စိတ်ကျေနပ်မှုတွေနဲ့ တောက်ပနေခဲ့တော့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now