Just Notes

4.4K 382 1
                                    

Unicode

(အိုင်ပြောထားတာမဟုတ်ဘူး​နော်, မူရင်း​သာသာ​ပြောထားတာ​လေး​တွေပါ✌)

ဒီဝတ္ထုက ချင်မင်းဆက်အပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအာဏာရစဉ် (၁၉၁၂-၁၉၂၇) ကာလအ​တောအတွင်းကို ရေးပြထားပါတယ်။ 'Great Qing' လို့ တရားဝင်​ခေါ်​ဝေါ်​တဲ့ ချင်မင်းဆက် သို့မဟုတ် ချင်အင်ပါယာက တရုတ်အင်ပါယာသမိုင်းမှာ နောက်ဆုံးမင်းဆက်ဖြစ်ပါတယ်။ ၁၆၃၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး​တော့ ၁၆၄၄ ခုနှစ်မှ ၁၉၁၂ ခုနှစ်အထိ တရုတ်နိုင်ငံကို အုပ်ချုပ်ခဲ့ကာ ၁၉၁၇ ခုနှစ်မှာ​တော့ အကျဉ်းချုံး ပြန်လည်ထူထောင်ခဲ့တယ်။ ၎င်းကို မင်မင်းဆက်က ​ရှေ့​ဆောင်စတင်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ​ရောက်မှ ​အောင်မြင်​အောင်လုပ်နိူင်ခဲ့ပါတယ်။ ဒါကြောင့် ဒီဝတ္ထုက တကယ့်မင်းဆက်ဝတ္ထုဆက်တင်​တွေထက် ပိုမိုခေတ်မီ​ပေမယ့် တော်​တော်​လေးခေတ်မီတဲ့ခေတ်​တော့မဟုတ်ပါဘူး။

​နောက်တစ်ခု​ပြောချင်တာက​တော့ Shou ဖြစ်တဲ့ ကျူးရိရှင် (Qiu Yixin) ဟာ အချိန်အများစုမှာ တော်​တော်​လေးယဥ်​ကျေး​စွာ​ပြောဆို​တတ်ပြီး ဒီဝတ္ထုထဲမှာ အယဥ်​ကျေးဆုံးစကား​ပြောဆိုတတ်တဲ့ ဇာတ်​ကောင်တစ်ဦးဖြစ်ပါတယ်။ ​ကျောင်းညီအစ်ကို​တွေကလွဲ၍ ​ကျောင်းမိသားစုဝင်​တွေအား ၄င်းတို့ရဲ့ဘွဲ့နာမည်​တွေနဲ့ ​ခေါ်​ဝေါ်ခြင်းကို စွဲကိုင်ထားသူဖြစ်တယ်။ သူက တရုတ်ရိုးရာစကားအသုံးအနှုန်း​​တွေ (​ရှေး​ဟောင်းစကားအသုံးအနှုန်းတွေဆို​ပေမယ့် English စကားအသုံးအနှုန်း​တွေထက် ပိုယဥ်​ကျေးတာ) နဲ့ ပိုပြီးယဥ်​ကျေးတဲ့စကားအသုံးအနှုန်း​တွေကို သ​ဘောကျတယ်။ ဒါကို မီး​မောင်းထိုးပြ​နေတာက သူဟာ ဘယ်အချိန်မှာ ဘယ်သူ​တွေအတွက် ဆဲဆိုခြင်း, မယဥ်ကျေးခြင်း, ကြမ်းတမ်းခြင်း, စတာ​တွေနဲ့ ဒီလိုအပြင်ပန်းယဥ်​ကျေးတာ​တွေကို ချိုး​ဖောက်ပစ်မလဲဆိုတာ မင်းတို့ကို ​မြင်​စေချင်လို့ပဲဖြစ်ပါတယ်။



Zawgyi

(အိုင္ေျပာထားတာမဟုတ္ဘူး​ေနာ္, မူရင္း​သာသာ​ေျပာထားတာ​ေလး​ေတြပါ✌)

ဒီဝတၳဳက ခ်င္မင္းဆက္အၿပီး တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံအာဏာရစဥ္ (၁၉၁၂-၁၉၂၇) ကာလအ​ေတာအတြင္းကို ေရးျပထားပါတယ္။ 'Great Qing' လို႔ တရားဝင္​ေခၚ​ေဝၚ​တဲ့ ခ်င္မင္းဆက္ သို႔မဟုတ္ ခ်င္အင္ပါယာက တ႐ုတ္အင္ပါယာသမိုင္းမွာ ေနာက္ဆုံးမင္းဆက္ျဖစ္ပါတယ္။ ၁၆၃၆ ခုႏွစ္တြင္ တည္ေထာင္ခဲ့ၿပီး​ေတာ့ ၁၆၄၄ ခုႏွစ္မွ ၁၉၁၂ ခုႏွစ္အထိ တ႐ုတ္ႏိုင္ငံကို အုပ္ခ်ဳပ္ခဲ့ကာ ၁၉၁၇ ခုႏွစ္မွာ​ေတာ့ အက်ဥ္းခ်ံဳး ျပန္လည္ထူေထာင္ခဲ့တယ္။ ၎ကို မင္မင္းဆက္က ​ေ႐ွ႕​ေဆာင္စတင္ခဲ့ၿပီး တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံ​ေရာက္မွ ​ေအာင္ျမင္​ေအာင္လုပ္ႏိူင္ခဲ့ပါတယ္။ ဒါေၾကာင့္ ဒီဝတၳဳက တကယ့္မင္းဆက္ဝတၳဳဆက္တင္​ေတြထက္ ပိုမိုေခတ္မီ​ေပမယ့္ ေတာ္​ေတာ္​ေလးေခတ္မီတဲ့ေခတ္​ေတာ့မဟုတ္ပါဘူး။

​ေနာက္တစ္ခု​ေျပာခ်င္တာက​ေတာ့ Shou ျဖစ္တဲ့ က်ဴးရိ႐ွင္ (Qiu Yixin) ဟာ အခ်ိန္အမ်ားစုမွာ ေတာ္​ေတာ္​ေလးယဥ္​ေက်း​စြာ​ေျပာဆို​တတ္ၿပီး ဒီဝတၳဳထဲမွာ အယဥ္​ေက်းဆုံးစကား​ေျပာဆိုတတ္တဲ့ ဇာတ္​ေကာင္တစ္ဦးျဖစ္ပါတယ္။ ​ေက်ာင္းညီအစ္ကို​ေတြကလြဲ၍ ​ေက်ာင္းမိသားစုဝင္​ေတြအား ၎တို႔ရဲ႕ဘြဲ႕နာမည္​ေတြနဲ႔ ​ေခၚ​ေဝၚျခင္းကို စြဲကိုင္ထားသူျဖစ္တယ္။ သူက တ႐ုတ္႐ိုးရာစကားအသုံးအႏႈန္း​​ေတြ (​ေ႐ွး​ေဟာင္းစကားအသုံးအႏႈန္းေတြဆို​ေပမယ့္ English စကားအသုံးအႏႈန္း​ေတြထက္ ပိုယဥ္​ေက်းတာ) နဲ႔ ပိုၿပီးယဥ္​ေက်းတဲ့စကားအသုံးအႏႈန္း​ေတြကို သ​ေဘာက်တယ္။ ဒါကို မီး​ေမာင္းထိုးျပ​ေနတာက သူဟာ ဘယ္အခ်ိန္မွာ ဘယ္သူ​ေတြအတြက္ ဆဲဆိုျခင္း, မယဥ္ေက်းျခင္း, ၾကမ္းတမ္းျခင္း, စတာ​ေတြနဲ႔ ဒီလိုအျပင္ပန္းယဥ္​ေက်းတာ​ေတြကို ခ်ိဳး​ေဖာက္ပစ္မလဲဆိုတာ မင္းတို႔ကို ​ျမင္​ေစခ်င္လို႔ပဲျဖစ္ပါတယ္။


Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now