Chapter - 1 (Part 1)

5.6K 579 14
                                    

Unicode

ကျရှုံးသွားရတဲ့ Crush ~

မကြာသေးခင်က ငါ စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုနဲ့ ကြုံတွေ့ခဲ့တယ်။ ငါက ယောက်ျားတစ်ယောက်ကို ချစ်မိသွားတယ်တဲ့။

ငါလည်း ယောက်ျားတစ်ယောက်ဆိုပေမယ့် ဒါက ဒီအရှုပ်အ​ထွေးရဲ့ အဓိကပြဿနာ​တော့ မဟုတ်ဘူး။ နောက်ဆုံးမှာတော့ မြို့တော်ဝန်ရဲ့တူ, လူဆိုးဂိုဏ်းခေါင်းဆောင် မစ္စတာ​ကျောင်းစီရဲ့သား, စစ်ခေါင်းဆောင် ဗိုလ်ချုပ် ​ဟောင် ရဲ့ ​ယောက်ဖငယ်ဖြစ်တဲ့ ကျောင်းကုန်းဇီက ငါ့ချစ်သူဖြစ်လာတဲ့အချိန်ကစပြီး ငါ ယောက်ျားတွေကို သဘောကျတယ်ဆိုတဲ့အ​ကြောင်း တစ်မြို့လုံးသိသွားကြတယ်။

အရေးကြီးဆုံးအချက်ကတော့ ငါချစ်မိသွားတဲ့လူက ​ကျောင်းကုန်းဇီမဟုတ်ဘူး။

အာ, အမျိုးသမီး​ရေ, မင်းနာမည်က 'ရေစို​နေတဲ့ပန်းပွင့်' (ပ​ရောပရည်ကျလွယ်ပြီး ရယ်ရယ်​မော​မောနဲ့ လွယ်ကူတဲ့သူ) ပဲ။
အာ, အမျိုးသား​ရေ, မင်းနာမည်က​တော့ 'မနက်သုံးနာရီနဲ့ ညနေလေးနာရီလို့ပြောနေတာ' (သစ္စာမရှိတာ, ခံစားချက်​ပြောင်းလွယ်တဲ့သူ) မဟုတ်ဘူးလား?

ငါက စာအုပ်ကို ကိုင်ထားရင်း စိတ်ပျက်လက်ပျက်နဲ့ အဆုံးအစမဲ့ ဝမ်းနည်းပူဆွေးမှုတစ်ခုထဲ ကျရောက်သွားတယ်။

အခုခေတ်မှာ လူတိုင်းက အချစ်ဟာ အလကားလို့ ပြောနေကြ​ပေမယ့် အဲ့တာက လူအများ ထောက်ခံနေကြတဲ့အတိုင်း​ ကျေးဇူးကန်းတဲ့လူယုတ်မာတော့ မဟုတ်ဘူး။ ချစ်ခြင်းမေတ္တာက ကျေးဇူးသိတတ်ခြင်းနှင့် သစ္စာစောင့်သိမှု​ဆိုတဲ့ ခံစားချက်များစွာ​တွေနဲ့ ရောနှော​နေတဲ့အခါမှာ​တော့ ဖြူစင်ပြီး​ ရိုးရှင်းတယ်။ အင်း ... အဓိကအားဖြင့်တော့ ရိုးရိုးရှင်းရှင်းနဲ့ သန့်စင်ဖို့က ငါ့အတွက် ခက်ခဲတာ​ပေါ့။ ကျောင်းကုန်းဇီက​တော့ တော်တော်​လေးဖြူစင်ပြီး ရိုးရှင်းရှာပါတယ်။ သူဟာ အဲ့အချိန်တုန်းက မိသားစုတစ်ခုလုံးဆုံးရှုံးသွားတဲ့ငါ့ကို ရိုးရှင်းဖြူစင်စွာ ခေါ်​ဆောင်သွားပြီး ငါ အသက်ဆယ့်ရှစ်နှစ်​ရောက်တဲ့အထိ သူ့ကို ကျောင်းမှာ အဖော်လုပ်​စေခဲ့တယ်။ ငါ ဥရောပ အကယ်ဒမီက ဘွဲ့ရပြီး သူလည်း ကျောင်းပြီးသွားတဲ့နောက် သူက ငါ့ကို အိပ်ရာ​ပေါ် ​ခေါ်တင်​တော့တာပဲ။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now