|77|

1.8K 343 9
                                    

[Unicode]

ဟယ်ရှင်းချွမ် လင်ချန်းမြို့ဆီရောက်လာချိန်မှာ၊ ဆေးရုံရဲ့လူနာတွေ့ချိန်ကို ကျော်လွန်သွားခဲ့ပြီဖြစ်တယ်။
အနီးဆုံးဘတ်စ်ကားမှတ်တိုင်ကနေမှ၊ ယန်ထန်တည်းခိုရာဟိုတယ်သို့ ရောက်သွားခဲ့တယ်။

အခန်းငယ်ဟာ ဆေးလိပ်မီးခိုးငွေ့များဖြင့်။
မျက်မှောင်ကြုတ်မိသွားတဲ့ ဟယ်ရှင်းချွမ်ဟာ၊ ပြတင်းပေါက်တံခါးတွေကို လိုက်ဖွင့်နေတယ်။
"ခြင်ကိုက်ခံရပြီး သေချင်လို့လား?"

ယန်ထန်လက်ထဲမှ ဆေးလိပ်ဟာလည်း၊ ဟယ်ရှင်းချွမ်ဆွဲဖယ်ခြင်းကို ခံလိုက်ရတယ်။

"မအိပ်တာဘယ်လောက်ကြာပြီလဲ?"

"မသိဘူး"

"စားပြီးပြီလား?"

"မသိဘူး"

"အဆာပြေနည်းနည်းသွားဝယ်ပေးမယ်လေ၊ ဟုတ်ပြီလား?"

"မလိုဘူး"

ငြိမ်သက်စွာပဲ၊ ဟယ်ရှင်းချွမ်က ယန်ထန့်ဘေးနားဝင်ထိုင်တယ်။ လက်မောင်းတွေကြားဆွဲဖက်လာပြီး၊ ယန်ထန့်ပါးစပ်ထဲကိုလည်း ချိုချဉ်တစ်လုံးထည့်ပေးတယ်။

ဟယ်ရှင်းချွမ်ရဲ့ကိုယ်သင်းနံ့လေးရယ်...ပါးစပ်ထဲပျော်ဝင်နေတဲ့ ချိုချဉ်အရသာလေး...ယန်ထန်ဟာ ငေးမောရင်းပဲ အိပ်ပျော်သွားခဲ့တယ်။

ပါးစပ်ထဲချိုနေတော့၊ နှလုံးသားရဲ့ခါးသီးမှုတွေတောင် အနည်းငယ်လျော့ပါးသွားသလိုပဲ။

အာရုဏ်တက်ချိန်မှာ ယန်ထန်နိုးလာခဲ့တယ်၊ အိပ်မက်ဆိုးများထံမှ။
သူ့ကိုတင်းကြပ်စွာ ဖက်တွယ်ထားတဲ့လက်မောင်းတစ်စုံ၊ အသက်ရှူတောင် ကြပ်ချင်လာသလိုပင်။

နည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့ပဲ၊ ထိုလက်မောင်းတွေပိုင်ရှင်ဟာ နိုးထလာခဲ့တယ်။
အိပ်ချင်မူးတူးနဲ့ ယန်ထန့်ကိုနမ်းလာကာ
"ပြန်အိပ်လိုက်ဦးလေ"

စကားဆိုပြီးခါမှ၊ ကွဲပြားနေတဲ့ပတ်ဝန်းကျင်ကို သတိထားမိသွားတယ်။
မျက်လုံးတွေကို ပွတ်သပ်နေပြီး
"ဘယ်အချိန်ရှိပြီလဲ?"

"၄နာရီ၂၀"

"အင်း...အဲ့တော့ ဆရာဝန်ကဘာပြောလဲ?"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now