Description

29K 1.4K 41
                                    

(Unicode)

တီဗွီဇာတ်လမ်းတွဲသရုပ်ဆောင် ချန်းစုယန်သည် သူသေဆုံးသွားတဲ့အခန်းကို ရိုက်ပြီးပြီးချင်းမှာပဲ ထိုဇာတ်လမ်းထဲသို့ ရောက်ရှိသွားတော့သည်။
ယခု သူသည် ဗီလိန် မိစ္ဆာဂိုဏ်း၏ သခင်ငယ် စုယန်အဖြစ် သရုပ်ဆောင်ရမည် ဖြစ်သည်။

သူ့ကမ္ဘာကို ပြန်ရောက်ဖို့ ဇာတ်ညွှန်းအတိုင်း သစ္စာရှိရှိပြုမူပြီး ဇာတ်လိုက်ရဲ့ဓားအောက်မှာ သူသေမယ့်နေ့ကို စောင့်မျှော်ရင်း သူ့‌ပြောရမယ့် စာကြောင်းတွေကို လေးနက်စွာ ရွတ်ဆိုခဲ့ပါသည်။

ဒါပေမယ်.. ဇာတ်ကွက်မှာ တစ်ခုခုမှားနေတယ်လို့ သူဘာလို့ခံစားနေရတာပါလိမ့်? ဇာတ်လိုက်ရဲ့ ဓားအောက်မှာ သူသေသွားတဲ့အပိုင်းကရော ဘယ်မှာလဲ။ သူ ဘယ်လိုလုပ် ဇာတ်လိုက်အောက်မှာ အလုပ်ခံရပြီး လူးလှိမ့်နေရတာလဲ?
ဒီ.. ဒီ.. ဒီအခြေအနေကြီးက အရမ်းရှက်စရာ မကောင်းဘူးလား!?

ထူထပ်သော တောအုပ်တစ်ခု၌ စုယန်သည် ကုဖေးတိ၏ လည်ပင်းကို ဓားတစ်ချောင်းဖြင့် ချိန်ရွယ်ထားပြီး ပြောစရာစကားမဲ့လျက် သူ့မျက်လုံးများတွင်လည်း
စိတ်ပျက်မှုအရိပ်အယောင်များ ရှိနေသည်။

စုယန် -အလွန်စိတ်ရှုပ်ထွေးလျက် : ငါပြောရမယ့် စာကြောင်းတွေ အကုန်ရွတ်ပြီးပြီလေ.. ဇာတ်ညွှန်းထဲက အတိုင်း သူ့ကိုလာကယ်မယ့်လူက ဘယ်မှာလဲ?

ကုဖေးတိ -စိတ်လှုပ်ရှားလျက် : သူ ငါ့ကို သတ်နိုင်ပေမယ့် လှုပ်ရှားဖို့ တုံ့ဆိုင်းနေတယ်။

လွင်ပြင်၌ စုယန်သည် ကုဖေးတိကို သေစေမည့် တိုက်ခိုက်မှုအားလုံးကို ပိတ်ဆို့ထားသည်။

စုယန် -ဒေါသထွက်လျက် : မေလူး! အခု သူသေသွားရင် ဘယ်သူက ငါ့ကိုသတ်ပြီး အိမ်ပြန်ပို့မှာလဲ!!!

ကုဖေးတိ -စိတ်ပူလျက် : သူက ငါ့ကိုကယ်တင်ဖို့ အတွက် သူ့အသက်ကိုတောင် စွန့်လွှတ်ဖို့ ဆန္ဒရှိတယ်။

ဂူထဲ၌ စုယန်သည် အဆိပ်သင့်နေသော ကုဖေးတိ၏ အေးစက်သောချွေးများကို စောင့်ကြည့်နေသည်။

စုယန် -စိတ်ဆင်းရဲလျက် : အမျိုးသမီးဇာတ်လိုက်က ထွက်ပြေးသွားပြီ.. သူ့ကို ဘယ်သူက ပါးစပ်ချင်း‌တေ့ပြီး အဆိပ်ထုတ်ပေးမှာလဲ။

ကုဖေးတိ -မျှော်လင့်လျက် : သူဘာလို့ ငါ့ကို မနမ်းသေးတာလဲ?

_9.11.21

Wanna read? 😉

(Zawgyi)













_9.11.21

Wanna read? 😉

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now