Chapter 30 (U+Z)

6.5K 1.3K 27
                                    

-Unicode-

အခန်း ၃၀: ဒါကို သည်းခံလို့မရဘူး! သေချာပေါက် သည်းခံလို့မရဘူး!

ကျွမ်းကျိုးဟာ ကြယ်အစုအဝေးကလူအများစုမှာ စိတ်စွမ်းအားအဆင့်တချို့ ရှိတယ်ဆိုတာ သိပြီးကတည်းက သူ မျက်နှာဖုံးစတင်လုပ်ခဲ့တယ်။

သူ့ရဲ့ဝယ်သူတွေ တိုးချဲ့ဖို့ကတော့ မရှိမဖြစ်လုပ်ရမဲ့အရာပဲ။

ဒါပေမဲ့ ဝယ်သူတွေ သူ ဘယ်သူဘယ်ဝါဆိုတာ မသိအောင်နေရမဲ့အပြင် သူဘာလုပ်နေလဲဆိုတာကိုလည်း အသိပေးဖို့လိုသေးတယ်။ အဲဒါကြောင့် သူ ဒီလိုမျိုး နည်းနည်း ကာကွယ်သွားဖို့ လိုအပ်တယ်။

အစတုန်းက ရောင်စုံကျောက်စီပုံကားချပ် သုံးဖို့စဉ်းစားသေးတယ်။ နောက်တော့ ရောင်စုံကျောက်စီပုံကားချပ်ဆိုရင် အရမ်းထူးဆန်းနေမယ်လို့ ခံစားမိတယ်။ လူတွေကို ခြောက်လှန့်မိနိုင်သေးတယ်။

ရောမရောက် ရောမလိုကျင့်ရမှာပေါ့!

ကြယ်အစုအဝေးကလူတွေက ကြယ်စုဒင်္ဂါးသုံးကြတယ်ဆိုတော့ သူလည်း သူ့မျက်နှာအတွက် ကြယ်စုဒင်္ဂါးတွေသုံးလိုက်မယ်။

နတ်ဘုရားတိုင်းမှာ တန်ခိုးတစ်မျိုးရှိကြတယ်။ သူ့ဆီကနေ အကာအဝေးတစ်ခုအတွင်းရှိနေသရွေ့ သူမြင်ရတဲ့လူမှန်သမျှကို တန်ခိုးသုံးလို့ရတယ်။ သူတို့ကိုယ်ပေါ်မှာ တန်ခိုးအငွေ့အသက် ချန်ထားခဲ့လိုက်ရင် နောက်ကျရင် သူတို့ကို အိပ်မက်ပေးလို့ရပြီ။

သို့ပေမဲ့ ဒါက စကေးအကြီးစား အိပ်မက်ပေးရတာဖြစ်တဲ့အတွက် ကျွမ်းကျိုးက တန်ခိုးစွမ်းအင် အလွန်လျင်မြန်စွာ ကုန်တယ်။ ဝမ်ရှောင်းယွင် တပ်ထဲကနေ ပြန်လာတဲ့အချိန်မှာ ညဉ့်နက်နေပြီ။ ကျွမ်းကျိုးက နတ်ဘုရားပုံတော်ကို ဖက်ပြီး သူ့တန်ခိုးစွမ်းအင်တွေ ပြန်ဖြည့်တင်းနေတယ်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ကျွမ်းကျိုးကိုတွေ့တော့ ဝမ်ရှောင်းယွင်က သူငယ်ချင်းလေးက ကြယ်အစုအဝေးတွေကြား အချိန်အကြာကြီး ခရီးသွားလာရလို့ ပင်ပန်းသွားတာလို့ပဲ ထင်လိုက်တယ်။ သူက ကျွမ်းကျိုးအိပ်နေတာကို မနှောင့်ယှက်ချင်လို့ တိတ်ဆိတ်စွာ ညင်ညင်သာသာလေး လှုပ်ရှားလိုက်တယ်။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now