အခန်း(၂၅)

2.1K 408 15
                                    

      <အနိုင်ရခြင်းမှဆုလာဘ်သုံးသွယ်>

ရွှင်မြူးမှုများနှင့်အားပေးချီးမြှောက်သံများ
အကြားဝမ်ရွှမ်အနည်းငယ်မျက်မှောင်ကြုံ့
လိုက်၏။

"ဆရာတူအစ်ကိုဝမ် ဂုဏ်ယူပါတယ် "

ထိုအချိန်တွင် သူ့နံဘေးမှအသံတစ်သံထွက်
ပေါ်လာခဲ့သည်။အသံပိုင်ရှင်သည်ကျန်းရှော
င်ချင်းဖြစ်ပေသည်။ကျန်းရီနှင့်ဝမ်ရွှမ်တို့ရင်း
နှီးကြမှန်းသူမ သိသည့်အတွက်ဤဂုဏ်ပြု
စကားကိုပြောရန်ဝမ်ရွှမ်အနားသို့တိုးကပ်လာ
ခဲ့သည်။သူမ၏အနောက်တွင်ရှိသောဂိုဏ်း
ချုပ်ဦးလေး၏မကျေနပ်သောအကြည့်ကိုပင်
လုံးဝလျစ်လျူရှုခဲ့သည်။

ဝမ်ရွှမ်သည်ဤဆရာတူညီမလေးကိုဖော်ရွေ
စွာပြုံးပြခဲ့ပြီး သူစကားပြန်ပြောတော့မည့်အ
ခိုက်အတန့်မှာပင် တုန်လှုပ်ခြောက်ခြားဖွယ်
ရာအော်ဟစ်သံကိုရုတ်တရက်ကြားလိုက်ရ
သည်။

ဝမ်ရွှမ်လှည့်ကြည့်မိရာ ဒူးနှစ်ဖက်ညွတ်ကျလျက်စင်ပေါ်တွင်သတိလစ်သွားသောကျန်း
ရီကိုတွေ့လိုက်ရလေသည်။

"မကောင်းတော့ဘူး!"

ကျန်းရှောင်ချင်းလည်းထိတ်လန့်တကြား
အော်ဟစ်လိုက်သည်။သူမ နောက်ပြန်လှည့်
ပြီးတစ်ခုခုပြောရန်ကြိုးစားလိုက်သော်လည်း
ဝမ်ရွှမ်ကတော့ထိုနေရာသို့အပြေးသွားခဲ့ပြီး
ဖြစ်သည်။

ဤအခိုက်အတန့်လေး၌ ကျန်းရှောင်ချင်းသ
ည်အမှန်တကယ်ရှုံးနိမ့်သွားသူပမာခံစားလို
က်ရ၏။

ပွဲကြည့်စင်ပေါ်မှခုန်ချရင်းဝမ်ရွှမ်သည်အသ
က်တစ်ချက်မျှရှုလောက်သောကာလအတွင်း
ကျန်းရီ၏နံဘေးသို့ရောက်သွားခဲ့သည်။

ထိုအချိန်တွင် ကျန်းရီကမျက်လုံးများကိုခပ်
တင်းတင်းပိတ်ထားပြီးသူ့မျက်နှာသည်လည်း
စာရွက်ကဲ့သို့ဖြူဖျော့နေခဲ့သည်။သူ့တွင်အ
သိစိတ်အနည်းငယ်ရှိနေသေးသော်လည်းစွမ်း
အင်တော့လုံးဝမကျန်တော့ပေ။

လူအုပ်ကြီးသည်ကျန်းရီအလွန်ပင်ပန်းခြင်း
ကြောင့် ထိုသို့ဖြစ်သွားသည်ဟုသာတွေးမိကြ
ပြီး ဝမ်ရွှမ်တစ်ဦးတည်းကသာကျန်းရီ၌'ကော
င်းကင်ဘုံ၏အလိုတော်' ကိုဖတ်ရှုနိုင်သောစွ
မ်းရည်နှင့်ထိုစွမ်းရည်ကိုအသုံးချပြီးသည့်
နှင့်ကျန်းရီတစ်ယောက်မည်သို့မည်ပုံဖြစ်သွားတတ်ကြောင်းသိ၏။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now