7.1(ဆိုးဝါးလိုက်တဲ့ဘဝ)

3.6K 584 21
                                    

(Unicode)

"ဘေဘီကောရဲ့ စွန့်စားခန်း(7)"

လက်ဆိုတာ ပေါင်နဲ့ဆက်လို့မှမရတာ။
(သူ့နေရာနဲ့သူပဲ၊ ပျော်ရာမှာမနေ တော်ရာမှာနေရမယ် လို့ပြောချင်တာပါ။)

ချန်လီကော Aကေျာင်းမှာ ဘယ်လောက်ပဲတက်ချင်ချင် နောက်ဆုံးတော့ သူ Bနဲ့Cနှစ်ခုကြားထဲက
တစ်ခုကိုပဲ ရွေးချယ်ခဲ့ရတယ်။

ဒီနှစ်နွေရာသီပြီးရင် သူအသက်၁၆နှစ်ပြည့်ပြီ။

သူ့ရဲ့ ၁၆နှစ်ပြည့်မွေးနေ့မှာ လုကျစ်ရန်ပြန်မလာခဲ့ဘူး။အိမ်တော်ထိန်းကြီးရဲ့ ကိုယ်ချင်းစာတဲ့
မျက်လုံးတွေအောက်မှာ ချန်လီကောက ပျင်းရိစွာနဲ့ မွေးနေ့ကိတ်တစ်ဝက်လောက် စားပစ်နေတယ်။

အိမ်တော်ထိန်းကြီးက အလန့်တကြား တားလိုက်တယ်။
"သခင်ငယ်လေး မစားချင်ရင် ထပ်မစားပါနဲ့တော့"

ချန်လီကောဟာ သူ့ပါးစပ်ထဲကို ကိတ်မုန့်ထည့်နေတဲ့ လက်ကို ရပ်လိုက်တယ်။အိမ်တော်ထိန်းကြီးက ဘာလို့များ သူ့စားချင်စိတ်ကို မကောင်းဘူးလို့ထင်ရတာလဲ မသိဘူး။ကိတ်မုန့်က အထူးပြုလုပ်ထားတာဖြစ်ပြီး ကိတ်ပေါ်က ခရင်မ်တွေကလည်း စားလို့ကောင်းပြီး မအီဘူး။အိမ်တော်ထိန်းကြီးသာ ဒီနေရာမှာ မရှိနေရင် သူတစ်ခုလုံးတောင် ကုန်အောင်စားနိုင်သေးတယ်။

ကံမကောင်းတာက အိမ်တော်ထိန်းကြီးက စောင့်ကြည့်နေတော့ သူတစ်ဝက်ပဲစားပြီး ရပ်လိုက်တယ်။

လုကျစ်ရန် ပြန်လာတော့ ၁၁နာရီတောင် ထိုးနေပြီ။ ချန်လီကောက အိပ်ရာဝင်ဖို့ပြင်လိုက်တဲ့အချိန်မှာ တံခါးခေါက်သံကြားလိုက်ရတယ်။

ညအိပ်ဝတ်စုံဝတ်လျက် တံခါးကို ဖွင့်လိုက်တော့
တံခါးဝမှာ လုကျစ်ရန်ရပ်နေတယ်။

"ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ"

အရက်နံ့ထွက်နေတဲ့အသံနဲ့အတူ လုကျစ်ရန်ကသူ့ကို ဘူးတစ်ဘူးကမ်းပေးလာတယ်။

ချန်လီကောက အဲဒါကို ယူပြီး ကျေးဇူးတင်စကားဆိုလိုက်တယ်။

လုကျစ်ရန်က သူ့ကိုကြည့်ပြီး စကားပြောချင်ပေမယ့် သူပြန်လှည့်ထွက်သွားတယ်။

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now