Chapter(313) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။

2.9K 691 47
                                    

Unicode

အခန်း(၃၁၃) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း

"ငါမင်းကို ဒီလောက်ပေါ့ပေါ့ဆဆ ဖြစ်အောင် သင်ပေးထားတာကို မမှတ်မိပါဘူး" နောက်ဆုံးတော့ မဟာအကြီးအကဲလန်ယွဲ့က ဝမ်ရိထုန်အား ကြည့်လာသည်။

ဝမ်ရိထုန်က မျက်တောင်ခတ်လိုက်၍ လန်ယွဲ့ရှေ့မှာ ဝင်ထိုင်၏။

"ပေါ့ပေါဆဆဆိုမှ, ကျွန်တော်က သင်ကြားစရာ မလိုပဲ မွေးဖွားလာတာလေ, ဒါပေမဲ့ ဆရာနဲ့တွေ့မှပဲ ထိရောက်မှုရှိသွားတာ"

မဟာအကြီးအကဲလန်ယွဲ့မှာ မနေနိုင်စွာဖြင့် ရယ်မောမိတော့သည်။ သူက လက်မြှောက်လိုက်ပြီး ဝမ်ရိထုန်၏ နှာခေါင်းလေးအား ဆွဲညှစ်လိုက်၏။

"အကယ်၍ ဒီမှာ ခိုးနားထောင်ဖို့ အချိန်ရှိရင် မင်းရဲ့ဓားကို ပိုပြီးကောင်းကောင်း လေ့ကျင့်သင့်တယ်, တံခါးပိတ်တရားကျင့်ကြံမှု မလုပ်တာ ဘယ်လောက်တောင် ကြာနေပြီလဲ?"

ဝမ်ရိထုန်ကပြုံးသည်။

"ဆရာကလည်း, ကျွန်တော့ကိုကျွန်တော် အထဲမှာ ထည့်ပိတ်ထားဖို့က အရမ်းအိုက်စက်လွန်းတယ်, ဘယ်သူမှ ကျွန်တော့ကို စကားပြောလို့မရသလို အရသာရှိတဲ့ စားစရာတွေကိုလည်း မမြည်းစမ်းရဘူး, အဲ့ဒါက အရမ်းခက်ခဲလွန်းတယ်, အဲ့ဒါကြောင့် ကျွန်တော်ကတော့ အတွေ့အကြုံ ရဖို့အတွက် အချိန်တစ်ချို့လောက်ယူပြီး ခရီးပတ်ထွက်ဖို့ပဲ စီစဉ်ထားတယ်"

"ဒါလည်းအဆင်ပြေပါတယ်" မဟာအကြီးအကဲလန်ယွဲ့က အကြံတစ်ချို့ထပ်ပေးသည်။

"ဒါပေမဲ့, ဝေးလံခေါင်သီတဲ့ နေရာတွေသွားရင် အရမ်း အန္တာရယ်များတယ်, မင်းနဲ့အတူ ရွှမ်းဇီပါ ခေါ်ရင်ခေါ်သွားလိုက်"

ဝမ်ရိထုန်က မျက်ခုံးပင့်ပြီးပြုံးသည်။

"တကယ်တော့လေ, ဆရာ, ကျွန်တော်က အငယ်ဆုံး ညီလေးကို ခေါ်သွားဖို့ လုပ်ပြီးသွားပြီ"

လင်ရွှမ်းဇီရဲ့ ဓားကျင့်ကြံမှုက သူ့ထက်သာတယ်ဆိုတာ ငြင်းဆိုစရာမရှိဘူး။ ဒါ့အပြင် လင်ရွှမ်းဇီရဲ့ လှုပ်ရှားမှုတွေက တစ်ကွက်လောက်နဲ့ သတ်ဖြတ်နိုင်တာမို့လို့ သူ့ကိုအပြင်ခေါ်ထုတ်သွားပြီး မျက်မြင်ကိုယ်တွေ့ တွေ့ချင်စိတ်တွေ ပြင်းပြနေမိသည်လေ။ တကယ်တော့လည်း တကယ့်တိုက်ပွဲမှသာ သတ်ဖြတ်နိုင်စွမ်းကို သံသဝင်စရာမရှိ မြင်နိုင်မှာပင်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now