၆၂ (side couple)

9.2K 1.2K 81
                                    

Warning : Sexual content alert!!

Unicode

ပြင်းပြလွန်းသော ဆက်နွယ်မှု

ချင်းရှန်ကုမ္ပဏီတွင် sex toy များဖြန့်ချီသည့် ဌာနတစ်ခုလည်း သီးသန့်တည်ရှိ၏။ ၎င်းဌာနမှတစ်ဆင့် အခြားသော ကမ္ဘာများထံသို့ မှာယူသောပစ္စည်းမျိုးစုံကို လုံခြုံမှုအပြည့်၊ အရည်အသွေးကောင်းကောင်းနှင့် အချိန်တိုအတွင်း ပို့ဆောင်ပေးနိုင်လေသည်။ ထို့အပြင် နောက်ဆုံးပေါ် ပစ္စည်းကိရိယာများကိုလည်း ပွန်းဗီဒီယိုများ၏အဆုံးတွင် ထည့်သွင်းကာ ကြော်ငြာလေ့ရှိသောကြောင့် လူသိများကျော်ကြားကာ မှာယူသူလည်း တစ်စတစ်စ များပြားလာရလေပြီ။ သို့နှင့် ယခုဆိုလျှင် ချင်းရှန်ကုမ္ပဏီ၏ sex toy အမျိုးအစားများမှာ ကမ္ဘာတစ်ဝှမ်း လွန်စွာမှ ရေပန်းစားနေသော Brand တစ်ခု ဖြစ်နေရသည်ပင်။

ကျိန်းသေပေါက် ၎င်းအကြံဉာဏ်မှာလည်း ရန်းချီဆီမှ ထွက်လာခြင်း ဖြစ်ရပေ၏။ ချင်းရှန်ကုမ္ပဏီတစ်ခုလုံး၏ ဝင်ငွေ တစ်ဝက်ခန့်မျှသည် ၎င်းဌာနမှ ရရှိခြင်းဖြစ်သဖြင့် အတော်လေး အောင်မြင်သည်ဟု ဆိုနိုင်လေသည်။

စိတ်ကြွဆေးများကိုလည်း ယခင်က sex toy များနှင့်အညီ အသုံးပြုနိုင်ရန် ချောဆီအဖြစ် ပုံစံပြောင်းလဲခဲ့ဖူး၏။ ၎င်းစိတ်ကြွဆေးများ၏ အာနိသင်မှာ လွန်စွာမှ ကောင်းမွန်၍ လူ့ခန္ဓာကိုယ်ကိုလည်း ထိခိုက်မှု မရှိသည့်တိုင် စိတ်အစဉ်ကိုမူ အနည်းငယ် ရှုပ်ထွေးအောင် ပြုလုပ်နိုင်စွမ်းရှိ၍ အဆိုးဆုံးအနေဖြင့် အသုံးပြုစဉ်အခါက မှတ်ဉာဏ်များကိုပါ ပျောက်ပျက်နိုင်စေလေသည်။ ထို့ကြောင့် ၎င်းဆေးများမှာ တဖြည်းဖြည်းနှင့် တရားဝင်အရောင်းဆိုင်များတွင် ရှားပါလာရတော့၏။

မည်သို့ပင်ဆိုစေကာမူ သုံးစွဲလိုသူပမာဏက များပြားနေဆဲဖြစ်သောကြောင့် ၎င်းစိတ်ကြွဆေးများကို သီးသန့်ရောင်းချခြင်းမပြုပါဘဲ ထိုအစား sex toy များဝယ်ယူသည့်အခါမှသာ အပိုလက်ဆောင်အဖြစ် ထည့်ပေးခဲ့ကြလေသည်။ သို့သော် လက်ရှိအချိန်တွင် သုတေသနဌာနချုပ်သည်လည်း စမ်းသပ်မှုများကို ဂရုတစိုက် ပြုလုပ်လာပြီဖြစ်လေရာ ပိုမိုကောင်းမွန်သော စိတ်ကြွဆေးအမျိုးအစားများကို တရားဝင်ထောက်ခံချက်ဖြင့် စတင်ဖြန့်ချီနေပြီပင်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now