Epi(10) Zawgyi

3.5K 122 8
                                    

အပိုင်း(၁၀)

ရန်ကုန် မနက်ခင်းကတော့ ပုံမှန်အတိုင်းဆူညံစွာနဲ့ပင် စတင်လာပြန်သည်။ ဒေါ်ဒေါ်ရဲ့လက်ရာ မနက်စာ ပဲပြုတ်ထမင်းကြော် ပူပူလေးစားပြီး အိမ်ရဲ့ သံပန်းတံခါးကိုပိတ်ကာ အောက်သို့ဆင်းလာလိုက်သည်။

လှေကားခွင်နားရောက်တော့ ညိမ်တို့ အောက်ထပ်က ဦးလေးက အပြင်သွားရန် လှေကားခွင် တံခါးကို ဖွင့်နေသည်နှင့်ဆုံ၏ ။

"ဦီးလေး နေကောင်းတယ်မလား "

ဦးလေးကြီးက သူ့ကိုဖော်ရွေစွာ ပြန်ဖြေသည်။

"ကောင်းပါတယ်ကွ ငါ့တူတို့ရော အဆင်ပြေကြရဲ့လား "

"ပြေပါတယ် ဦးလေး ဒီလိုပါဘဲ "

"အေးကွာ တူဝရီးနှစ်ယောက်တည်းဘဲ ပြေမှာပါ အိမ်မှာတော့ မိန်းမက နားပူတယ်ကွ "

ဦးလေးရဲ့ အပြောကြောင့် သူ သဘောတကျရယ်မိသွားသည်။ နားပူတယ်လို့ ပြောသည့် အပြောတွင်ကို ဇနီးကို သဘောတကျဖြစ်နေသည့် အရိပ်အယောင်များကို တွေ့ရသည်လေ။

အင်း…သူအိမ်ထောင်ကျရင်ကော ဘယ်လိုများဖြစ်မလဲ။

ကိုယ့်ဘာသာ တွေးပြီးမှ ရှက်စိတ်ကြောင့် ပါးများပူတက်လာရသည်။

ငါဘာတွေ စဉ်းစားနေပါလိမ့်…

ကားမှတ်တိုင်သို့ သွားရာ လမ်းတစ်လျှောက် တစ်လမ်းတည်းနေ မျက်နှာသိ အန်တီကြီးများက ပြုံးလျက် နှုတ်‌ဆတ်ကြသည်။

ဒီလိုကျတော့ ရန်ကုန်နဲ့တောင် တဖြည်းဖြည်းအသားကျလာသလိုပါလား။

ဘယ်လိုဘဲ အသားကျတယ်ပြောပြော သူတစ်သက်လုံး ရန်ကုန်တွင်တော့ မနေချင်၊ လူများရှုပ်ယှက်ခတ်နေသော ရန်ကုန်သည် သူ့အတွက်တော့ သိပ်သဘောကျစရာမကောင်း ။ သူ့အနေနှင့် သူ့ကိုမွေးဖွးခဲ့သော မန္တလာမြေကိုသာ ပို၍ သဘောကျသည်။

ကားက သိပ်မစောင့်လိုက်ရ ၊ သူမှတ်တိုင်သို့ ရောက်ပြီးပြီးချင်း ကားကရောက်လာသဖြင့် ဒီနေ့တော့ သူကံကောင်းသည်ဟု တွေးမိသည်။ ပုံမှန်ဆို ကားစောင့်လျှင် ဆယ့်ငါးမိနစ်က အနည်းဆုံးပေမို့။

Love Of My Life [Completed]Where stories live. Discover now