Announcement for Book Version

3.1K 128 50
                                    

Unicode-

Hello! အားလုံးပဲ Happy Singles Day ပါ။><  Singles များအားလုံးကျန်းမာချမ်းသာစိတ်ရွှင်လန်းပါစေနော်။ RS တွေလည်းပါ, ပါတယ်နော်။  တန့်တန့်ကိုချစ်ရင်ပေါ့။ >< အရင်ဆုံး Singles များနေ့မှာ ကြေညာရမှာကတော့RS Couples တွေအကြောင်းဖြစ်နေတာအခက်သားပါပဲ။  ဟုတ်ပါတယ်။  မာန်လွှမ်းတို့အကြောင်းလေးပြောပြပါချင်လို့ပါ။ <3
တန့်တစ်ပတ်ကျော်လောက်ဖင်ပူ၊ခေါင်းပူအောင် စာစစ်ပြီးနောက်မှာတော့ ဒီနေ့ပဲ စာမူအကုန်စစ်ပြီးပါတယ်။  စာမျက်နှာဘယ်လောက်ဆိုတာလည်း ထွက်လာတာပေါ့။  တန့်နဲ့ facebook မယ် friend ဆိုရင်တော့ တလောကတင်လိုက်တာသိမှာပါ။ Affection-နှောင်ကြိုးက စာမျက်နှာ 800ကျော်ဆိုတာ။ အခုအပြီးသတ်တော့တကယ်လည်း  800၀န်းကျင်ပါပဲ။ အဲ့တော့တန့်မှာ Affection-နှောင်ကြိုးကို ပထမတွဲနဲ့ ဒုတိယတွဲနှစ်အုပ်ခွဲထုတ်ဖို့ဖြစ်လာရပါတယ်။  စာအုပ်နှစ်အုပ်အနေနဲ့ခွဲထုတ်ပစ်မှာပေါ့။  တကယ်လို့မထုတ်ဘူးဆိုရင် စာအုပ်ကအရမ်းထူပြီးချုပ်ရခက်ပါလိမ့်မယ်။ ပြီးရင် နောက်ပိုင်းအဖုံးကကော်မနိုင်တာတို့  ဘာတို့လည်းဖြစ်နိုင်တာနဲ့ စာအုပ်နှစ်အုပ်ခွဲထုတ်ဖို့ဆုံးဖြတ်လိုက်ရပါတယ်။  အရမ်းထူရင်ဖတ်ရတာအဆင်မပြေမှာစိုးရိမ်လို့ပါ။  နောက် နှောင်ကြိုးမည်သည်က စာမျက်နှာ 400၀န်းကျင်(extra မပါ) ပါ။ 400ထက်မပိုရင်တောင် အရမ်းမလျော့ပါဘူး။ အဲ့တော့ စုစုပေါင်းစာမျက်နှာ၁၂၀၀ကျော်လောက်မို့ တန့်တန့်တကယ်ခေါင်းခဲသွားရတာပါပဲ။  ရေးတုန်းကရေးကောင်းကောင်းနဲ့ရေးပြီး စာအုပ်ထုတ်ခါကျမှ အဖက်ဖက်ကတွေးမိတော့ တကယ်ရင်လေးသွားရတယ်။  တိုက်နဲ့ပြန်တိုင်ပင်ကြည့်ပါသေးတယ်။ တစ်အုပ်ချင်းစီထုတ်မလားပေါ့။  တစ်ခါတည်းမဟုတ်ဘဲနဲ့။  ဒီတစ်ခါပထမတွဲ၊ နောက်တစ်ခါ ဒုတိယတွဲ၊ နောက်တစ်ခါကျ နှောင်ကြိုးမည်သည်ရစ်ဖွဲ့သီ အဲ့လိုမျိုး။ ကလေးတွေအနေနဲ့ငွေအလုံးလိုက်အရင်းလိုက်ပုံချပေးရမှာမျိုးမဟုတ်တော့ ပိုအဆင်ပြေမလားလို့တွေးကြည့်ပါသေးတယ်။  ဒါပေမဲ့ အခုထုတ်လည်း ဒီစာမျက်နှာပဲ။ နောက်ထုတ်လည်း ဒီစာမျက်နှာပဲဆိုတော့  ဘာမှသိပ်မထူးဘူးလားလို့ ခံစားမိလို့ပါ။  ဒီကြားထဲအခန့်မသင့်လို့ဒေါ်လာစျေးကမတရားထပ်တက်သွားရင်လည်း ပိုခက်မှာနဲ့ အားလုံးတူတူထုတ်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။ >< အားလုံးကိုတတွဲတည်း တူတူထုတ်မှာဖြစ်လို့ Box လှလှလေးလည်းစီစဥ်ထားပါတယ်။ ပြီးတော့ ထပ်ပြောရမယ်ဆိုရင် Ta~Da!
စိုင်းသော် Fan တွေအတွက်သတင်းကောင်းပါ! စိန်ပန်းပြာဒဏ္ဏာရီကို မထူးတော့တဲ့တူတူထုတ်ဖို့ပဲ ဆုံးဖြတ်လိုက်ပါပြီလို့။ <3 သူကတော့အရမ်းစာမျက်နှာမများပေမဲ့50၀န်းကျင်(extra မပါ) တော့ရှိနေပါသေးတယ်။ အဲ့တော့ တလုံးတခဲတည်းအထူကြီးကိုဖြစ်နေမှာနော်။
>< စာမျက်နှာ ၁၂၀၀ကျော် သုံးအုပ်တွဲလိုက်ကို (စာအုပ်အနေနဲ့လေးအုပ်) တန့်တို့ ပဏမစျေး ၂၀၀၀၀ ဝန်းကျင်ယာထားပါတယ်။ ဒါပျမ်းမျှစျေးဆိုပေမဲ့ ၂၀၀၀၀ထက်လျော့ဖို့တော့မရှိသလောက်ပါပဲ။ ဒါအတတ်နိုင်ဆုံးတိုက်နဲ့ လည်ပင်းထညှစ်မတတ်စျေးကိုညှိထားရတာပါ။ ဒီတစ်ပွဲမယ်တော့ စာအရှည်ကြီးဆိုတာ ဒရာမာချိုးဖို့လောက်ပဲ အဆင်ပြေတယ်ဆိုတာသိသွားပါတယ်။ :'3 တကယ်တမ်းဒီကာလမှာ အဲ့လောက်ထုတ်ဖို့ကိုအတော်လေး၀န်လေးနေပေမဲ့ မာန်လွှမ်းတို့ စိုင်းသော်တို့ကို ချစ်ပေးမဲ့သူတွေရှိနေတယ်လို့ ယုံကြည်ချင်ပါတယ်။ ပြီးတော့တကယ်ကြီးအဆင်မပြေရင်တော့မ၀ယ်ပါနဲ့။  တန့်ကစာအုပ်ထုတ်လိုက်လို့ wattpad မှာဖျက်မှာမဟုတ်တဲ့အတွက် wattpadမှာအလွမ်းပြေဖတ်လို့ရပါတယ်။ ပြီးတော့ စာအုပ်ထုတ်မဲ့ကာလက နို၀င်ဘာလနောက်ဆုံးအပတ် မဟုတ်ရင် ဒီဇင်ဘာလပထမပတ်နဲ့ဒုတိယအပတ်တွေမှာ ဖြစ်နိုင်ပါတယ်။ တန့်စိတ်ထင်တော့ ဒီဇင်ဘာထဲကူးဖို့များပါတယ်။  ဘာလို့ဆို တန့်တန့်ကခုထိ Cover ကိုချေး(ဂျီး)များပြီး ဒုတိယအကြိမ်ပြန်ပြင်နေလို့ပါ။ :3 ဒါခန့်မှန်းချေပြောတာပေါ့နော်။ နို၀င်ဘာနောက်ဆုံးအပတ်ထက်တော့ စောဖို့မရှိလို့ ကလေးတွေမုန့်ဖိုးစုချိန်ရမှာပါလို့ >< ။   မာန်လွှမ်းတို့ကို တူတူရင်ခုန်ကြရအောင်နော်။ 
   
Zawgyi Version-

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now