7.2

3.5K 556 19
                                    

(Unicode)

ချန်လီကောက စိတ်လှုပ်ရှားစွာ ပြောလိုက်တယ် ။
"ထုံထုံ ငါအရမ်း ကြောက်တာပဲ သူငါ့ကိုကြွေနေတာလားမသိဘူး၊ပြီးရင် ငါ့ကို တစ်ခုခု လုပ်တော့မယ် ထင်တယ်"

system-မင်းပျော်နေတာ ငါမသိဘူးများ မှတ်နေလား

ချန်လီကော-အဟီးဟီးဟီး

systemက ခေါင်းကိုက်လာပြီး သွားကြိတ်သံနဲ့ပြောလိုက်တယ်။

"လုကျစ်ရန် ဒေါသထွက်မှာ မင်းမကြောက်ဘူးလား"

ချန်လီကော-"ငါလည်း အဲလိုမဖြစ်စေချင်ပါဘူး
ဒါပေမဲ့ ငါအခု အရမ်းစိတ်လှုပ်ရှားနေတာပဲ သိတယ်"

system-"........"

ချန်းကျွင်းက ကားမောင်းနေရင်းကနေ သူ့ကိုလှမ်းမေးလိုက်တယ်။

"မင်းဘာစားချင်လဲ"

ချန်လီကောက နှုတ်ခမ်းတွေကိုစေ့ပြီး ဘာမှပြန်မပြောခဲ့ဘူး။

ချန်းကျွင်းကပဲ ဆက်ပြောလိုက်တယ်။

"ငါ မိသားစုစားသောက်ဆိုင် ကောင်းကောင်းကို
သိတယ်၊အဲဒီမှာပဲ သွားစားကြရအောင်"

"မင်းဘာလုပ်ချင်တာလဲ??ဒီလိုလုပ်တာ မင်းကိုတရားစွဲလို့တောင် ရတယ်နော်"

ချန်လီကောက ဒေါသသံအနည်းငယ် စွက်လျက်
ပြောလိုက်တယ်။

"ငါ့ကို ဘာပုဒ်မနဲ့ တရားစွဲမှာလဲ"

"ငါမင်းနဲ့ လိုက်မစားချင်ဘူး"

ချန်းကျွင်းက ပြုံးလိုက်ပြီး ပြောလိုက်တယ်။
"ဒါပေမဲ့ ငါက မင်းနဲ့အတူ စားချင်တယ်လေ"

ချန်လီကောရဲ့မျက်နှာတစ်ခုလုံးက ဖောင်းနေပြီး
ရှဥ့်ပေါက်လေးနဲ့တူနေတယ်။

ချန်းကျွင်းက သူ့ကို ကြည့်ပြီး အပြုံးတွေက တဖြည်းဖြည်း တောင့်တင်းလာတယ်။

"မင်းက၁၈နှစ်တောင် ရှိပြီ၊သူငယ်ချင်းတွေနဲ့
စားဖို့ကို အခုထိ အဖေ့ခွင့်ပြုချက်ယူရသေးတာလား"

"အဖေမပျော်မှာ ကြောက်လို့ပါ"

"အဲလိုလား ငါသိသလောက်တော့ မင်းအဖေက
မင်းကို သိပ်စိတ်မဝင်စားပါဘူး"

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now