49

10K 1.8K 70
                                    

Unicode

“ဘာလို့ပြန်ယူနေတာလဲ..?”

ရင်းဆုယဲ့ရဲ့ မျက်နှာအမူအရာက မှောင်သထက်မှောင်လာပြီး သူ့အကြည့်ကလည်း အနည်းငယ် မှုန်မှိုင်းလာခဲ့တယ်။

“ခင်ဗျားက တခြားလူကျွေးတာကို မစားတတ်ဘူးလေ..!”

သူ့စိတ်ထဲမှာ လွန်ဆွဲနေခဲ့ပြီးမှ ရွှယ်ယို့ရှန်းလည်း နောက်ဆုံးတော့ အကြောင်းအရင်းမှန်ကို ထုတ်ပြောပြလိုက်တယ်။ ရင်းဆုယဲ့ကို ဒေါသထွက်စေနိုင်မှန်း သိပေမယ့်လို့ပေါ့။

ရင်းဆုယဲ့ကို ဘယ်တော့မှ လိမ်မပြောတော့ပါဘူးလို့ ကတိပေးထားတာကို အသာထားဦး၊ သူကိုယ်တိုင်ကလည်း ဒီအချိန်လေးအတွင်းမှာ ဆင်ခြေမရှာတတ်တော့ဘူး။ ရင်းဆုယဲ့က သူစိမ်းတွေနဲ့ ထိတွေ့ရတာမကြိုက်ဘူး ဆိုတဲ့အချက်ကို မေ့သွားခဲ့တဲ့ သူ့ကိုယ်သူပဲ အပြစ်တင်ရတော့မယ်။

ရင်းဆုယဲ့မှာ ဒီလိုမျိုး ထူးထူးဆန်းဆန်း အကျင့်စရိုက်တွေ ရှိနေတာက ဗီလိန်ရဲ့ ပုံမှန်မဟုတ်တဲ့ အကျင့်စရိုက်တွေအတိုင်း ပုံဖော်ထားခဲ့တဲ့ သူ့ရဲ့ ဇာတ်ကောင်စရိုက်ကြောင့်ပဲ။ ပြီးတော့ နောင်တစ်ချိန်မှာ ရင်းဆုယဲ့က စိတ်အမှောင်ဖုံးသွားဦးမှာဆိုတော့ ထိုအတွက် အထူးတလည် စီစဉ်ထားခဲ့မိတယ်။ သူများကျွေးတဲ့ အစားအစာကို မစားတတ်တာကလည်း ထူးဆန်းတဲ့ အကျင့်စရိုက်တွေထဲက သိသာထင်ရှားတဲ့ အကျင့်တစ်ခုပါပဲ။

ပိုပြီးလေးနက်မှုရှိအောင် ရွှယ်ယို့ရှန်းက ရင်းဆုယဲ့အတွက် မှတ်ဉာဏ်တစ်ခုတောင် ဖန်တီးပေးခဲ့သေးတယ်။ အဲ့မှတ်ဉာဏ်ကြောင့် ရင်းဆုယဲ့ခမျာ သူစိမ်းကျွေးတာမစားတတ်တဲ့ အကျင့်တစ်ခု ရသွားပါလေရော။

အတိတ်တုန်းက ရင်းဆုယဲ့မှာ အရမ်းယုံကြည်စိတ်ချရတဲ့ အစေခံတစ်ဦး ရှိခဲ့ဖူးတယ်။ သူ့ကို ကလေးဘဝကတည်းက စောင့်ရှောက်လာခဲ့သူပေါ့။ ဒါပေမဲ့ အဲ့အစေခံကပဲ သူ့ကို ပထမဦးဆုံး သစ္စာဖောက်ခဲ့တဲ့လူ ဖြစ်လာခဲ့လေတယ်။

သူ့ဘဝနိမ့်ကျသွားစဉ်မှာ သူမက သူ့ဘက်မှာ မရပ်တည်ပေးခဲ့တဲ့အပြင် ချက်ချင်း သစ္စာဖောက်သွားခဲ့တယ်။ အစားအသောက်ထဲ အဆိပ်ခပ်ပြီး သူ့ကို ကျွေးခဲ့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now