Part 5

549 56 1
                                    


ခုတလောဝမ်ရိပေါ်ခေါင်းထဲအမြဲပြည့်နေတဲ့အရာက ရှန့်ဟိုင်းကအစ်ကိုကြီးတစ်ယောက်အကြောင်းပဲ...။ ရှင်းရှင်းပြောရရင် အစ်ကိုကြီးလို့ဆိုပေမယ့် ကလေးတစ်ယောက်လို သူကာကွယ်ပေးချင်နေတဲ့သူပေါ့။
စတွေ့တည်းက မျက်စိမလွှဲနိုင်အောင်ပြည့်စုံတဲ့ရုပ်ရည်မျိုးရှိတာသတိထားမိပေမယ့် ထပ်ဆုံလေတိုင်း caffeine ဓါတ်လေးတစ်ခုလိုပဲ... ပိုမိုစွဲလမ်းစေပြီး အကြည့်မလွှဲနိုင်အောင်ဖြစ်မိတာမျိုး...။ သူ့အနေနဲ့ နိုင်ငံပေါင်း ၃၀ ကျော်ကို သွားလာခဲ့ဖူးပြီး လူအမျိုးမျိုးနဲ့တွေ့ခဲ့ပေမယ့် ဒီလူလောက် သူ့ကိုဆွဲဆောင်နိုင်တဲ့သူမတွေ့ဖူးခဲ့။ အတိတ်ကချစ်ခဲ့ဖူးသူ မိန်းကလေးတစ်ယောက်ကလွှဲပြီး ခုထိဘယ်သူကမှလှုပ်ခါနိုင်ခြင်းမရှိခဲ့တဲ့သူ့နှလုံးသားက ခုဒီကိုကြီးနဲ့မှ လှုပ်ခတ်မိလာသလိုလို။ China Town မှာသူ့အကြောင်းပွင့်ပွင့်လင်းလင်းဖွင့်ပြောလာတော့ သူဘယ်လောက်တောင်ပျော်သွားတယ်ဆိုတာသူသာအသိဆုံး။ စိတ်မကောင်းစရာအတိတ်တွေနဲ့နာကျင်နေရတဲ့သူကို ခင်မင်မှုအကြောင်းပြုပြီး အခွင့်အရေးလဲမယူလိုပါ။ ဖြူလျော့လျော့ ပန်းလေးကို သန်မာအောင်ပြုစုပေးချင်တယ်... ကာကွယ်ပေးချင်တယ်....။

ရှောင်းကျန့်တို့team ကဒီနေ့ team building သဘောမျိုး ညဘက်ရုံးဆင်းချိန်ကို ဟော့ပေါ့စားကြဖို့အစီအစဉ်ရှိတယ်။ သူ့အနေနဲ့စောစောနားချင်ပေမယ့်လဲ သူကအကြီးတန်းနေရာလိုမျိုးဖြစ်နေတော့ အငယ်တွေအတွက်လိုက်ကိုလိုက်သွားရမယ့်အခြေအနေရောက်နေပြန်တယ်..။ မထူးပါဘူးဆိုပြီး လိုက်ခဲ့မိမှငါးပါးမှောက်ရောပဲ။ လူစုံတုန်းဆိုတော့ ဟော့ပေါ့စားရုံတင်မကတော့ဘဲ ဘီယာဆိုင်ပါအရောက်ပါသွားလေရော...။ အရင်တုန်းကလည်း လူကြီးတွေနဲ့စကားပြောရင်း သောက်ဖူးနေကြမို့ ကိုယ့်limitကိုသိပြီး ထိန်းသောက်နိုင်ပေမယ့် သူဒီမှာဆက်မနေလိုတော့တာကြောင့် မူးချင်ယောင်ဆောင်ပြီး အိမ်ပြန်ဖို့ ကြံစည်ရမယ်...။

"အာ.. အားလုံးပဲအားနာပါတယ်... ကျွန်တော်နည်းနည်းခေါင်းမူးချင်သလိုဖြစ်လာပြီမို့ အခြေအနေလေးမဆိုးခင်ပြန်နှင့်မယ်နော်..."
သူခေါင်းတစ်ဖက်ကိုဖိချင်ဟန်ဆောင်ရင်း လွယ်အိတ်ကိုဆွဲကာမတ်တပ်ရပ်လိုက်တယ်။

CAFFEINE Where stories live. Discover now