Part 21

4.5K 517 70
                                    

နန်းစောရှင် ပိုးချည်လွှားဓားကို ကျွန်းစားပွဲပေါ်ပစ်တင်လိုက်သည်။စားပွဲပေါ်ကဓားကို စူးစူးစိုက်စိုက်ကြည့်နေပြီး ရင်ထဲတွင်လည်းအလိုမကျမှုများ ပြည့်လျှံနေ၏။

အိမ်ရှေ့မင်းက သူ့ကြင်ရာလောင်းကိုပြုံးပြနေသည့်မြင်ကွင်းက မျက်စိထဲကနေမထွက်။

"တောက်"

နန်းစောရှင် အကြမ်းရည်ခွက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်.နန်းစောရှင် ဒေါသထွက်ပေမယ့် ဘာလို့ဒေါသထွက်နေမှန်းမသိပေ။အဲ့တာက စိတ်အစဥ်ကိုပိုလို့ ဒေါသဖြစ်စေသည်။

"အိမ်ရှေ့စံတစ်ပါးမှာ ကြင်ယာရှိတာက ပုံမှန်မဟုတ်ပေရော့ဘူးလား ငါကဘာလို့ သည်လောက်ဒေါသထွက်နေရော့သလဲ"

နန်းစောရှင် အကြမ်းရည်ကို သောက်လိုက်သည်။ဒေါသတွေတည်ငြိမ်သွားတော့ ဝမ်းနည်းလာသည်။အိမ်ရှေ့မင်းက နန်းစောရှင်ကို ကြင်ကြင်နာနာဆက်ဆံနေ၍ နန်းစောရှင်က အိမ်ရှေ့မင်းအပေါ် စိတ်တွေရှုပ်ထွေးလာရတာဖြစ်သည်။နန်းစောရှင် အကြမ်းရည်ခရား တစ်အိုးလုံးကုန်မှ စိတ်တည်ငြိမ်သွားသည်။

အိမ်ရှေ့မင်းက နန်းစောရှင်အခန်းထဲ ဝင်လာပြီး ကျွန်းထိုင်ခုံတွင် ထိုင်သည်။နန်းစောရှင် စိတ်တည်ငြိမ်သွားပြီထင်ခဲ့သော်လည်း အိမ်ရှေ့မင်းကို မြင်လိုက်တော့ ဝမ်းနည်းလာပြန်သည်။နန်းစောရှင် ပိုးချည်လွှားဓားကိုကိုင်ကာ ခေါင်းလေးငုံ့လိုက်သည်။

ဗညားသတိုး နန်းစောရှင်ရဲ့မျက်နှာလေးကို ငေးကြည့်နေမိပြီး နန်းစောရှင်ရဲ့မျက်ဝန်းတွေထဲက ဝမ်းနည်းမှုတွေကို ဖမ်းမိတော့ စိတ်ထဲလေးလံသွားသည်။

"နန်းစောရှင် ဘာကိုများစိတ်မကြည်မလင်ဖြစ်နေလေသလဲ"

"ဘာမှမဖြစ်ပါဘူး အိမ်ရှေ့မင်း"

ဗညားသတိုး နန်းစောရှင်ရဲ့လက်ကလေးကို ဆုပ်ကိုင်ဖို့ရာ လက်လှမ်းတော့ နန်းစောရှင်က အကြမ်းရည်ခွက်ကို ကိုင်လိုက်သည်။မဆုပ်ကိုင်လိုက်ရသည့်လက်ကလေးကြောင့် ဗညားသတိုး ရင်ထဲပိုတိုးလို့ လေးလံလာသည်။

"ကိုယ်တော့်ရဲ့တိုင်းပြည်ကိုတောင် နန်းစောရှင်ကိုပေးနိုင်လေတယ် ရွှေစိတ်တော်မငြိုလေနဲ့"

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now