Extra 2

3.5K 91 6
                                    

ပုံမှန်မနက်ခင်းလေးပေမယ့် သာမန်မနက်ခင်းတော့မဟုတ်ပါ။
အိမ်ထောင်သည်ဘဝကို စတင်ခံရမည်မနက်ခင်း။ချစ်ရသူရဲ့ရင်ရိပ်ကို
တရားဝင်ခိုလူံရတော့မည် မနက်ခင်း။ပျော်ရွင်ခြင်း၊ရင်ခုန်ခြင်း၊ရင်တုန်ခြင်း၊
စိတ်လူပ်ရှားခြင်း စသော ခံစားချက်ပေါင်းစုံဝင်နေသောမနက်ခင်းဖြစ်သည်။
နိုးစက်သံကြောင့် အမြင်အာရုံရလိုက်သည်နှင့်တစ်ပြိုင်နက် အတွေးပေါင်းစုံတို့က မိန်းငယ်ခေါင်းထဲတစ်ခုပြီးတစ်ခု မရပ်နားနိုင်အောင် ဝင်လာတော့သည်။5နာရီတောင်မထိုးသေးပေမယ့်အရင်လိုအိပ်ရေးမဝဘူးအကြောင်းပြ၍ဆက်မအိပ်နိုင်လောက်အောင် မိန်းငယ်လန်းဆန်းတက်ကြွနေပါ၏။

"ကိုကိုရော!"

ခပ်တိုးတိုးရေရွတ်လျှက် တစ်ဖက်ခြံကို လှမ်းကြည့်တော့ ထင်သည့်အတိုင်းပင်
အခန်းတံခါးကပိတ်ထားခြင်းမရှိတာမလို့ မနေ့ညက ကိုကိုမအိပ်ဘူး ဆိုတာ မိန်းငယ် သိလိုက်ပါပြီ။ဒီလူကြီးက ငယ့်ထက်တောင် ပိုစိတ်လူပ်ရှားနေမည်ထင်သည်။ဒီလိုထင်ရတာလည်း ငယ်ကိုကို့ကိုချစ်တာက ကိုကိုငယ့်ကိုချစ်တာ ကိုမမှီနိုင်သောကြောင့်ဖြစ်သည်။ငယ်က ကိုကို့ကိုသိပ်မချစ်တာမဟုတ်ပဲကိုကို့အချစ်ကိုက ထုထည်ကြီးမားလွန်းနေခြင်းဖြစ်မည်။တစ်ခါတစ်လေ ငယ်တွေးမိတာက
ငယ်ဘယ်လောက်ကြိုးစားပြီးချစ်ပါစေ အစ်ကို့အချစ်တွေကိုတော့လိုက်မမှီနိုင်ပါဘူးလို့လေ...။

ကိုကို!ကိုကို! ရူးလောက်အောင်ချစ်ရတဲ့ကိုကို...။အခုတော့ ဒီအမျိုးသားလက်ကို
ထာဝရ တွဲရတော့မှာပါလား။ရင်ထဲ ထိုတွေးနဲ့တင် နွေးထွေးလုံခြုသွားရသည်မှာ အမှန်တကယ်ပင်...။ပျော်ရွင်ခြင်းအစစ်အမှန်ဟာ ကိုကို့မျက်နှာမြင်ရမှာ
ပိုခံစားရတာမျိုး...။ဝမ်းနည်းခြင်းဟာ ကိုကို့ရင်ခွင်မှာဖြစ်တည်ရတာ ပိုအဓိပ္ပာယ်ရှိသလိုမျိုးး...။စိတ်အားငယ်မူတွေဆို ကိုကို့ကိုမှ ယုံယုံကြည်ကြည်ပြောပြချင်နေတာမျိုး...။သိပ်ချစ် ရတဲ့ အမျိုးသားလေးပါပဲ
ကိုကို...။

အတွေးလွန်ပုံရတဲ့ မိန်းငယ်က လက်လေးနှစ်ဖက်ပြတင်းပေါက်ပေါ်ထောက်လျှက်တဖက်အိမ်ကိုငေးနေပေမယ့်
ဘုန်းထက်ရှိန်အခန်းထဲ ဝင်လာတာတော့ လုံးလုံးမြင်ပုံမရ...။ကိုယ့်အတွေးနှင့်ကိုယ်၊ချစ်ရသူကို အမွန်းတင်၍ ပြုလို့မပြီးနိုင်တော့
ရင်ထဲ ကြည်နူးမူကို လိူက်ဖိုနေအောင် ခံစားနေမိ၏။

ကိုကို့ရဲ့ငယ်...✨Where stories live. Discover now