Chapter....41

10.3K 635 56
                                    

သာမာန်နေ့တနေ့လို ဖြတ်သန်းရမည်ဟုထင်
ထားတဲ့နေ့တစ်နေ့မှာ သူ့ရဲ့ရင်ခွင်ထဲသို့ သွေး
သံရဲရဲဖြင့်ရောက်ရှိလာတဲ့ကောင်ငယ်လေး..။

လူနာတွေများပြားတာကြောင့် နွမ်းလျနေ
သည့် ကိုယ်လုံးလေးမှာ မြင်လိုက်ရတဲ့ မြင်
ကွင်းကြောင့် နှလုံးသွေးတွေပြောင်းပြန်စီး
ဆင်းသွားမတတ်ခံစားလိုက်ရပြီး ဆွံအလျက်
မျက်ရည်ပူများသာစီးကျမိနေလျက်..။

အဆက်မပျက်ထွက်လာသော သွေးတွေအား
လက်ဗလာဖြင့် ဖယ်ရှားရင်း သူ့နှုတ်ဖျားက
ထွက်လာတဲ့ ထပ်ခါပြောနေမိတဲ့ စကားတစ်
ခွန်းကတော့ မဖြစ်နိင်ဘူး အဲ့လိုမဖြစ်ရဘူး
လေ ဆိုတဲ့စကားလေးသာ...။

အဘယ်သောအကြောင်းတရားတွေကြောင့်
ကားတိုက်ခံရတဲ့ လူနာအဖြစ် သူဆီသို့ ဆိုက်
ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ ကောင်ငယ်
လေးဟာ အပြုံးတွေနဲ့ ချစ်စဖွယ်ကောင်းတဲ့
ကလေးငယ်လေးအဖြစ် သူ့ဆီဆိုက်ရောက်
လာတာမျိုးတော့မဟုတ်ပေ...။

ညီညီကိုတွေ့တွေချင်း သူလုပ်မိတဲ့အရာတစ်
ခုကတော့ အသက်ဆက်ရှင်နိင်အောင် ကုသ
ပေးဖို့နဲ့ ညီညီဘာတွေဖြစ်ခဲ့လဲဆိုတာကိုအ
ရမ်းသိချင်နေမိသည်လေ...။

သူငယ်ချင်းဖြစ်သူမင်းလွင်နဲ့ခခတို့ရဲ့အကူအ
ညီဖြင့် တခြားသူများလုံးဝမရိပ်မိခင် ညီညီ
ကိုဒီထက်ကောင်းသောဆေးရုံတစ်ခုမှာ ပြောင်းရွေ့ကုသခဲ့ပြီး အနီးကပ်ပြုစုစောင့်
ရှောက်ရင်း ခွဲစိတ်တာအောင်မြင်ခဲ့ပေမဲ့ ကိုမာ
ဝင်နေဆဲဖြစ်တဲ့ အသက်ကိုကြည့်ရင်း ငိုရတဲ့
မျက်ရည်တွေကခမ်းတော့မတတ်ပင်..။

အသက် ဟုတ်တာပေါ့...အသက်ကငယ်ငယ်
တည်းက သူကိုယ့်သူအသက်လို့အမြဲပြော
တတ်တဲ့ကောင်လေး...အသက်ငါးနှစ်အရွယ်
မှာအပျင်းဖျားပြီး အပူရှိန်တွေတတ်ကာ အ
သက်ကအခုလို အသိစိတ်ပုံမှန်မဟုတ်တော့
ပေမဲ့ ကိုကိုပျော်အောင် အသက်ကအမြဲလုပ်
ပေးမှာဆိုပြီး အမြဲပြုံးပြတတ်တဲ့ကောင်လေး
ပေါ့...။

အသက်ရဲ့ ရင်သွေးလေးကတော့ ဘယ်
လောက်တောင် အသက်ကိုချစ်လိုက်လဲဆိုရင်
အသက်ရဲ့ ဝမ်းဗိုက်ထဲကမြဲမြန်စွာကပ်တွယ်
နေခဲ့တယ်....ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်တဲ့ ကလေးလေးဖြစ်နေမလဲ...။

ကကြိုးရုပ်[ Complete ]Where stories live. Discover now