Episode♡21

5.3K 572 28
                                    

ထယ်​ယောင်း​လေး အိပ်ရာကမထနိုင်ဖြစ်​နေချိန် ​ရောက်ချလာသည့် ဂျီဂျီ.....

"ထယ်ထယ် ထ​တောင်မထနိုင်​တော့ဘူးလား အားးယားး ငါကထယ်ထယ်နဲ့ နန်းပြင်​ကိုသွားမို့လုပ်ထားတာကို ဒီအကို​တော်က​တောာ့​လေ ဟွန့်"

နန်းအပြင်ထွက်မယ်ဆိုတာနဲ့ လှဲ​နေရာမှ ချက်ချင်းထထိုင်တဲ့ထယ်​ပေါက်။

"သွားမယ်​လေ ဒီထဲမှာဘဲ​နေရတာပျင်းစရာကြီး"

"​သူကထပြီး လမ်း​လျှောက်နိုင်တယ်ဆို​တော့​​လေ"

"ထနိုင်ပါတယ် ဂျီဂျီရဲ့"

ကိုယ်​ပေါ်က​စောင်ကိုဖယ်က ခြေ​ထောက်ကို ​အောက်ကြမ်းခင်း​ပေါ်ချလိုက်​တော့ ချက်ချင်းကြိမ်းတက်လာတဲ့တင်ပါး​လေး။အံ့ကြိတ်ကာ မတ်တပ်ရပ်ပြီး ဂျီဂျီ​ရှေ့မှာ လမ်း​လျှောက်ပြလိုက်သည်။​ခြေလှမ်းတစ်လှမ်းချမိရင် ဘယ်​လောက်ခံစားရသည်ဆိုတာကို​တော့ သူသာသိသည် ဒါပင်မဲ့လဲ သူကအပြင်သွားချင်တာကို သည်းခံရမှာ​ပေါ့။

"​တွေ့လား ထယ်ထယ်လမ်း​လျှောက်လို့ရပါတယ်ဆို"

"​လျှောက်လို့ရတယ်ဆိုလဲ ခုသွားကြမလား အကို​တော်လဲမရှိ​တော့ထွက်လို့အ​ကောင်းဆုံးဘဲ"

"အွန်း"

ထယ်​ယောင်း၀တ်ရုံအပြာ​လေးလဲကာ မျက်နှာကိုပုဝါစ​လေးတစ်၀က်ဖုံးကာ ​ဝါးပင်​တွေနဲ့​ရေတံခွန်က​ရေကျပုံ​လေးဆွဲထားတဲ့ ယပ်​တောင်​လေးတစ်ခုကိုဆွဲကာ အပြင်ထွက်လာလိုက်သည်။

2​ယောက်သား ကုတ်​ချောင်းကုတ်​ချောင်းနဲ့ အပြင်ထွက်ရန်ကြံပြီး အ​ဆောင်တစ်ခု​ရှေ့​ရောက်​တော့ အဖိုးကြီးတစ်​ယောက်က ရီပြသည်။သူတို့လဲ ပြန်ရီပြလိုက်ပြီး ​ရှေ့ဆက်သွားရန်လုပ်​တော့ အဖိုးအိုကလှမ်း​ခေါ်သည်။

"ဟို​​​ကောင်​လေး"

ထယ်​ယောင်းလှည့်ကြည့်ပြီး သူ့ကို​ခေါ်တာလားဆိုပြီး လက်ညှိုး​လေးနဲ့ကိုယ့်ကိုကိုယ် ပြန်ထိုးပြလိုက်သည်။အဖိုးအိုက ​ခေါင်းငြိမ့်ပြတာမို့ ဂျီဂျီလက်ကိုဆွဲကာ ထိုအဘိုးအိုနားသို့......

"​ဒီကအဖိုးကဘာဖြစ်လို့​ခေါ်တာလဲ မသိဘူး"

ဂျီမင်းစကားကိုအဖတ်မလုပ်ကာ ထယ်​ယောင်းလက်ကိုဆွဲပြီး သူ့ရင်ဘက်ထဲမှ ကြိုးအဖြူ​လေးကိုထုတ်ကာချည်​ပေးလိုက်သည်။ပြီး​နောက် ဂျီမင်းလက်တွင်လဲချည်​ပေးသည်။

More  Than  Love::TK::{Completed}Where stories live. Discover now