8.3

3.8K 562 24
                                    

(Unicode)

ချန်လီကောက Zကောလိပ်ကို ဝင်ခွင့်ဖောင်မဖြည့်ခင် မတော်တဆ တစ်ခုဖြစ်လာတယ်။

အဲဒါက သူ့ဆီမှာ မဟုတ်ဘူး၊လုမိန်ချင်းဆီမှာသာဖြစ်တယ်။

မူလဇာတ်ကြောင်းက အရာတွေက မပြောင်းလဲသွားဘဲ လုမိန်ချင်းရဲ့မိသားစုဟာ အကြွေးပုံထဲနစ်ပြီး လုပ်ငန်းတွေယိုင်နဲ့လာတယ်။ နောက်ဆုံးသူတို့လုပ်နိုင်တာက အိမ်နဲ့ကားကိုရောင်းပြီး
မြို့က ထွက်ပြေးဖို့ဖြစ်လာတယ်။

ချန်လီကောက ဒါကိုကြားတော့ လန့်ပြီးမေးလာတယ်။

"ငါ့အဖေကို ကူညီဖို့ပြောလိုက်ရမလား"

လုမိန်ချင်းက ရှုိက်သံနဲ့ပြောလာတယ်။

"ငါ ငါမသိဘူး"

ချန်လီကောက ခဏတွေးလိုက်ပြီး ပြောလိုက်တယ်။

"ငါငါ့အဖေကို ပြောပေးမယ်"

လုမိန်ချင်း-ကျေးဇူးတင်ပါတယ်

ချန်လီကောက ဖုန်းချပြီးတာနဲ့ စာကြည့်ခန်းတံခါးကို သွားခေါက်လိုက်တယ်။

လုကျစ်ရန်-အထဲဝင်ခဲ့

"ဘာဖြစ်လို့လဲ"

"အဖေ ကျွန်တော် မိန်ချင်းရဲ့မိသားစုအကြောင်း
မေးချင်လို့"

"အိုး သူတို့မိသားစုလား............ကြည့်ရတာ........
သူမင်းနဲ့ Zကောလိပ်ကို မတက်နိုင်တော့ဘူးထင်တယ်"

ချန်လီကောက ယုံကြည်ချက်တွေ ပျောက်ဆုံးလာသလိုခံစားလာရတယ်။

"အဖေ မင်း မိန်ချင်းတို့ မိသားစုကို ကူညီပေးနိုင်မလား"

လုကျစ်ရန်က ဘောပင်ကိုချလိုက်ပြီး မေးလာတယ်။

"မင်းက သူမကို ကူညီစေ့ချင်တာလား"

ချန်လီကောက ခေါင်းညိမ့်ပြလိုက်တယ်။

လုကျစ်ရန်က ပြုံးပြီး ပြောလိုက်တယ်။

"ဒါပေမဲ့ ငါက ဘာလို့ သူ့ကိုကူညီရမှာလဲ"

"အဖေ"

လုကျစ်ရန်က သူ့ခုံကနေ ထလိုက်ပြီး ချန်လီကောဆီ လမ်းလျှောက်လာတယ် ထို့နောက်
အပေါ်စီးကနေ ပြောလိုက်တယ်။

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now