[ 26 ]

31.2K 2.6K 25
                                    

[ သူကြီးသမက် ]

" အရိပ် ကိုယ်မဟာဖြေဆေးဝယ်လာတယ် ထသောက်လိုက်ဦးနော် "

ရွာထဲကနေဆေးဝယ်ပြီး ရိုးပြန်လာတော့အရိပ်ကအိပ်ရာထဲရောက်နေပြီဖြစ်သည်။

" အရိပ်ဆေးသောက်ဖို့ ရေသွားခပ်လိုက်ဦးမယ်နော် "

မဟာဖြေဆေးထုပ်ကို ရိုးကသွားနဲ့ကိုက်ဖောက်လိုက်ပြီး အိပ်ရာထဲကထထိုင်လာတဲ့ အရိပ်လက်ထဲကိုထည့်ပေးလိုက်သည်။

ထို့နောက် အိပ်ခန်းထဲကနေထွက်လာကာ အိမ်ရှေ့ခန်းဘုရားစင်နံဘေးဒေါင်နားသောက်ရေအိုးကနေစတီးခွက်နဲ့ရေတစ်ခွက်အပြည့်ခပ်လိုက်၍အိပ်ခန်းထဲပြန်ဝင်လာခဲ့လိုက်သည်။

" ဖြည်းဖြည်းသောက်ဆေးသီးမယ် အရိပ်လေး "

အရိပ်ကလက်ဖဝါးဖြန့်လိုက်ကာမဟာဖြေဆေးအမှုန့်တချို့ကိုထည့်လိုက်ပြီး လက်ဖဝါးထဲကနေတစ်ဆင့်ပါးစပ်ထဲထည့်လိုက်ပြီးနောက် ရိုးလက်ထဲကရေခွက်ကိုယူသောက်လိုက်သည်။

" အိပ်တော့မှာလား အရိပ်လေး "

အရိပ်လက်ထဲကရေခွက်ကိုပြန်ယူပြီး ရိုးမေးလိုက်တော့ အရိပ်ကရိုးအမေးကိုတစ်ခွန်းမှပြန်ဖြေမလာ ကြည့်ရတာ ညနေကရိုးအရက်ခိုးသောက်တာကို အခုချိန်ထိအရိပ်ကရိုးကိုစိတ်ဆိုးမပြေသေးဘူးထင်သည်။

" အရိပ်လေး ဒီမှာကိုယ့်သကြားကပ်မုန့်ဝယ်လာတယ် တစ်လုံးလောက်စားပြီးမှအိပ်နော် ညနေကလဲထမင်းနည်းနည်းလေးပဲစားထားတာ ဗိုက်ဆာနေမယ် အရိပ်လေး "

" မစားချင်ဘူး "

အိပ်ရာထဲပြန်ကွေးအိပ်နေတဲ့ အရိပ်ကရိုးအပြောကိုငြင်းဆန်လာသည်။

" အများကြီးမစားချင်လဲနည်းနည်းလောက်တော့ ထစားပါဦးကွာ ရိုးရဲ့အရိပ်လေးကလိမ္မာတယ် ထ နည်းနည်းလောက်ပဲစား "

အရိပ်အိပ်နေတာကိုအတင်းဆွဲပွေ့ထူကာစားခိုင်းနေတဲ့ ရိုးကြောင့်အရိပ်နှုတ်ခမ်းတစ်တောင်လောက်စူပစ်လိုက်ပြီးမကြည်သလို ရိုးကိုစိုက်ကြည့်ပစ်လိုက်သည်။

" လာမထိနဲ့ကျွန်တော်ခင်ဗျားကိုစိတ်တိုနေတုန်းပဲ !"

ရိုးကအရိပ်အပြောကိုမကြားချင်ယောင်ဆောင်လိုက်ပြီးနောက် အရိပ်ကိုယ်လေးကိုသူ့ရင်ခွင်ထဲထိုင်နေလျက်အတိုင်းဆွဲပွေ့ဖက်ထားလိုက်၍။

( သူကြီးသမက် )  CompletedWhere stories live. Discover now