9.3

4.3K 567 20
                                    

(Unicode)

ချန်လီကော သူဝန်ခံခံရတဲ့ကိစ္စကို စိတ်ထဲမထားဘဲ လုကျစ်ရန်က အိမ်ကိုပြန်ခေါ်တာက သူ့ကိုလွမ်းလို့ဖြစ်မယ်ပဲ တွေးလိုက်တယ်။သူအိမ်ကိုရောက်တော့ လုကျစ်ရန်ရဲ့မည်းမှောင်နေတဲ့
မျက်နှာကိုမြင်လိုက်တော့ သူ့စိတ်ဟာဗလာဖြစ်ခဲ့ရတယ်။

"အဖေ"

လုကျစ်ရန်က သူ့ကွန်ပျူတာကိုပဲ ကြည့်နေခဲ့ပြီးချန်လီကောကို ပြန်မကြည့်ခဲ့ဘူး။

"အဖေ ဘာဖြစ်လို့လဲ"

အဲဒီအခါမှ လုကျစ်ရန်ရဲ့မျက်လုံးတွေက
သူ့ဆီကိုရွေ့သွားပြီး "ရှင်းပြ"ဆိုတဲ့ စကားနဲ့အတူ
သူ့ကွန်ပျူတာပေါ်က videoကိုပြလိုက်တယ်။
သေချာတာပေါ့ အဲဒါက ချန်လီကောဝန်ခံခံရတဲ့
videoပဲ။

ချန်လီကောက ကြောက်လန့်သွားပြီး ပြောလိုက်တယ်။

"အဖေ"

"မင်းလက်ခံခဲ့တာလား"

ချန်လီကောက အောက်နှုတ်ခမ်းကို ကိုက်လိုက်ရင်း ရှက်နေတဲ့ပုံစံနဲ့
"အင်း"လို့ ဖြေလိုက်တယ်။

"ဒီကိုလာ" လုကျစ်ရန်က ပြောလိုက်တယ်။

ချန်လီကောက လုကျစ်ရန်ရဲ့ အသံကြောင့်ကြောက်လာတယ်။သူစကားပြောတဲ့ပုံစံက
အရင်တစ်ခါ ချန်းကျွင်းသူ့ကို rapeလုပ်မယ့်အချိန်တုန်းကလိုပဲ။

ချန်လီကောက အရုိက်ခံရတော့မယ်လို့
တွေးလျက် လုကျစ်ရန်ရှေ့ကို တဖြည်းဖြည်းရောက်လာတယ်။

"အဖေ"

သူက ကြောက်လန့်တကြား ထပ်ခေါ်လိုက်တယ်။

လုကျစ်ရန်က ထိုင်ခုံပေါ်မှာ ထိုင်နေပြီး ချန်လီကောသူ့နားတိုးလာတာကို ကြည့်နေလိုက်တယ်။

ချန်လီကောက သူ့နှလုံးသားတွေပေါက်ထွက်သွားမလိုခံစားနေရတယ်။သူလုကျစ်ရန်ရဲ့အနီးကိုရောက်လာတော့ လုကျစ်ရန်က မတ်တပ်ထရပ်လိုက်တယ်။

လုကျစ်ရန်က သူ့ကို ရိုက်မယ်ဆိုတဲ့အတွေးနဲ့
ချန်လီကောဟာ ​နောက်ကို ခြေတစ်လှမ်းဆုတ်မိသွားတယ်။

ဘယ်သူသိမှာလဲ လုကျစ်ရန်က သူ့လက်တွေကို
မြှောက်လိုက်ပြီးနောက်........

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now