part21(unicode)

1.8K 34 2
                                    

Love + Love
|Author Blackclock

" ဘယ်လိုလူပါလိမ့် ဟင်း"

အိပ်ရာထက် ရှက်အားပိုလွန်းစွာ
အေသြး လဲလျောင်းနေမိလေသည်။

" ဒေါက် ဒေါက်"

တံခါးခေါက်သံ။

အေသြး အလန့်တကြားထကာ တံခါးကို
ဖွင့်မိလေတော့ ပြုံးပြနေလေသော တံခါးမှူး
နှစ်ယောက်။

စိုက်ငေးကြည့်နေတဲ့ မိန်းမကြီးနဲ့
အေစအခံ အပေါင်းအပါတို့။

" သခင်မလေးကို သန့်ရှင်းစင်ကြယ်အောင်
ပြင်ဆင်ပေးရမယ့် အချိန်ကျလာလို့ပါ"

"ရှင် အို အဲ့လို မလုပ်ပါနဲ့လား"

အရိုသေပြု ကိုယ်ညွတ်နေတဲ့ မိခင်အရွယ်
ထိုမိန်းမကြီးကို အသွေးပြာပြာသလဲ ပြောမိ
လိုက်လေသော်လည်း မရ။

ကျိုးနွံစွာ ခစားဆက်ဆံနေသော ထိုမိန်းမကြီး
နဲ့ အပေါင်းအပါတို့ရဲ့ လုပ်ကိုင်လှုပ်ရှားပြုပြင်
မှုတို့အောက် အေသြး လမ်းပျောက်သွားရလေ
တော့သည်။

လောကကြီးက ဘာတွေဖြစ်နေတယ်မသိ။
သူလို အညတရ မိန်းကလေးကို ဘာကြောင့်
မ်ား တော်ကောက်တဲ့မိဖုရားသဖွယ် ကံထ
စန်းပွင့်လာရတယ် မသိ။

ထူးတော့ အတော် ထူးဆန်းနေလေပြီ။

အေသြး မံှုနံ့သာခြယ်လိမ်းခံရပြီး
ဝတ်စားဆင်ယင်မှုတို့ ပြီးဆုံးချိန်
အထိ အတွေးနဲ့ ဦးနှောက်ကို အလုပ်
မပြတ်စေမိ။ တွေးလိုက် သုံးသပ်လိုက်
ဖြင့် စိတ္ကူးထဲမွာ သံသယတို့က
တွေးလေလေ ထောင်ပေါင်းများစွာ
ပေါ်ထွက်လာလေလေပင်။

" ကြွပါ သခင်မလေး "
"ရှင် ဒီပေါ် လျှောက်ရမယ် ဟုတ္လား"

ဟုတ်တယ် အေသြး လန့်မိတယ်။
ဘာလို့ဆိုတော့ လှေကားအဆင်း
ခင်းထားလေသည်က ကောဇောအပြာ
တောက်တောက်၊ အပေါ်မှာက ပန်းပွင့်
အရောင်စုံရဲ့ ပွင့်ချပ်ကလေးတွေ
ချခင်းထားသည်။

အေသြး ခြေဖဝါးလေး လှေကား
တစ်ထစ်ပေါ်ကျတိုင်း ထိတွေ့လိုက်
ရတာက ပွင့်ချပ်နုအိအိကလေးတွေ။

ဂါဝန် ဒူးဖုံးကလေးနဲ့ ဖွေးဥနေသော
ခြေထောက်လေးရဲ့ ခြေဖမိုးထက် က်
နေသည့် ခြေကျင်းတန်းလန်း တန်ဆာလေး
က ချစ်စဖွယ်။

Love + Love [Normal Fiction]Where stories live. Discover now