Ep.25

1.3K 145 36
                                    

နှစ်နိုင်ငံကြား မင်အိမ်ရှေ့စံရဲ့ဖြေရှင်းပေးမူကြောင့်ပြေလည်သွားကြသည်...မင်းသမီးဟာလည်း ပေးထားခဲ့သော ကတိအတွက်တည်ရန်ကြိုးစားနေရသည်...သို့သော် သူမမလုပ်နိုင်ခဲ့...အမတ်မင်းကတော်ဟာ မင်းသမီးမယ်တော်ထက်ပင် မင်းသမီးကိုပို၍ဂရုတစိုက်ရှိသူမလို့....

Ni: ဒီညအပြီးသတ်ကြရအောင် လင်း

"မင်းသမီးကိုယ်စား ကျွန်တော်မျိုးဘဲ"

Ni: နင်ကငါမလုပ်နိုင်ဘူးလို့ထင်နေတာလား လင်း

မင်းသမီးမျက်ဝန်းထဲကကြေကွဲရိပ်တွေကတော့ သူမလုပ်ပါရစေနဲ့လို့ တောင်းဆိုနေတယ်...

Ni: ဒီနေ့ li ငယ်ရဲ့စာပေဖြေဆိုပွဲမလား ဒီညကို သူအိမ်တော်ပြန်မလာအောင်တားထားလိုက်ပါ ဒါဆို သူမသိတော့လောက်ဘူး...

"အမိန့်အတိုင်းပါ မင်းသမီး"

Ni: အမတ်မင်းကတော်က ကျန်းမာရေးမကောင်းဘူးလို့ကြားသိရတယ် ဒါဆို ဒီဓါးမြှောင်ချွန်ချွန်လေးနဲ့ဆိုဖြစ်တယ်မလား..

Ni:ကျန်းမာရေးမကောင်းတဲ့သူဆိုတော့ သေချာပေါက် အသားအရည်တွေကနုဖက်နေမှာပေါ့ အမတ်မင်းကိုကျတော့ မျက်လုံးကွယ်စေရုံဘဲမလား...

"မင်းသမီး အဲ့လိုပြုလုပ်ဖို့အမူတော့လိုအပ်...."

Ni: အမူလား ဖန်တီးရင်ရတာဘဲ နိုင်ငံတော်ပုန်ကန်မူလို့တင်ပြလိုက်ပေါ့...

"ကျွန်တော်မျိုးအထင်တော့ နန်းတက်ပွဲဟာလည်းနီးကပ်နေပြီမလို့..."

Ni: နန်းတက်ပွဲနီးတော့ ပိုလို့မကောင်းဘူးလား လင်းရယ် ဘယ်အမတ်မှ ငါ့ကိုအာမခံရဲတော့ဘူးပေါ့...

အိမ်ရှေ့စံမင်းသမီးသည် ထိုညနေတွင် စစ်သည်အင်အားတချို့ကိုပြင်ဆင်နေခဲ့သည်...
.
.
.
.
.
..........."
သခင်မလေးတယောက် စာပေတွေကိုကြိုးစားပန်းစာဖြေဆိုပေးခဲ့တယ် တခုထဲဘဲ မင်းသမီးကိုအရမ်းအားနာနေခဲ့တဲ့စိတ်လေးတခုထဲနဲ့ တယောက်တည်းအိပ်ယာထဲလဲနေချိန်မှာ မင်းသမီးဟာ ဝတ္တရားတွေကို ဘေးထားပြီး ကိုယ့်ဆီဘဲလာလာအဖော်ပြုပေးနေခဲ့တာ...ညတိုင်းတယောက်တည်းဝမ်းနည်းနေတတ်မှန်းသိလို့ သလွန်ပေါ်အထိ အတူမှေးစက်ပေးခဲ့တာ...သူဒီလောက်ထိကောင်းပေးနေတာတောင် မချစ်နိုင်ခဲ့တဲ့ ဒီနှလုံးသားအတွက် အားနာလို့ အရမ်းအားနာလို့ ဒီစာပေကိုအမှတ်ပြည့်ရအောင်ဖြေမှာ.....

Last Tear (Season 1)Where stories live. Discover now