Chapter 44

3.7K 852 45
                                    


Chapter 44: စားသောက်ဆိုင်

စုမင်က သူ့ကိုတစ်မိနစ်နီးပါး စိုက်ကြည့်နေပြီး အဲဒီလူကလည်း ဆွဲထုတ်နေသည်မှာ တစ်မိနစ်နီးပါးမျှရှိနေလေပြီ။

အဆုံး၌ အရေတွက်မလျော့ကျသွားဘဲ ပိုပိုပြီးစုပုံလာကာ ပန်းကန်ပြားပေါ်တွင် တောင်ကဲ့သို့နှယ် အခြားသူများမြင်လိုက်သည်နဲ့ ရွံရှာမှုကိုဖြစ်စေသည်။

နဂိုတည်းက သူ့ရဲ့စားလိုဟန်အာသီသမရှိသလို အခုလိုဖြစ်ပျက်သည့်ကိစ္စကြောင့် ဒီစားသောက်ဆိုင်က ဘာကိုမှ စုမင်မစားချင်တော့ဘူး။

ထိုလူအခုချိန်ထိ ဆွဲထုတ်နေဆဲပင်...

စုမင်မရောက်လာတာကို မြင်တော့ လီချီယွီက လှည့်မေးတယ် .."မင်းဘာကြည့်နေတာလဲ? ဘာလို့မစားတာတုန်း?"

စုမင်အကြည့်လွှဲလိုက်ပြီး .."အင်း" သို့သော် သူစားချင်စိတ်ပျောက်သွားလေပြီ။

ကျောင်းထောင်ကျီးဘာမှမစိုးရိမ်ဘဲ စကားစမြည်ဆက်လတ်ပြောဆိုရင်း စားစရာများကို ထည့်နေကာ တခဏမကြာ စားပွဲ၌ပန်းကန်တွေပြည့်သွားသည်။ သူမ အစားကြီးမှန်းသိသာသည်။

စုမင်: “…………”

သူ့အတွက် အဲ့ဒါပြောဖို့ မကောင်းဘူးလို့ ခံစားရတယ်။

စောစောက ဧည့်ခန်းမှာတုန်းက လူအုပ်စုလည်း စားသောက်ဆိုင်ထဲဝင်လာကြကာ တခဏအတွင်းမှာပဲ အခန်းထဲတွင် ပျားပန်းခတ်လှုပ်ရှားသံများနှင့် ကျယ်လောင်သည့်စကားပြောသံများဖြင့် ဆူညံမှုများပြည့်သွားသည်။

စုမင်စားပွဲရှည်ကြီးဆီ လျှောက်သွားကာ အစားအစာတွေကိုဂရုတစိုက်စစ်ဆေးကြည့်သည်။

ထိုအခိုက်တန့် မနီးမဝေးမှ ထူးဆန်းသောအသံတစ်ခုကြားလိုက်ရကာ စုမင်နောက်လှည့်ကြည့်တော့ စောစောတုန်းက ပြန်လှည့်ပြေးလာသောထိပ်ပြောင်ပြောင်လူက မနှစ်မြို့ဖွယ်အမူအရာဖြင့် နောက်လူတစ်ယောက်နှင့် ငြင်းခုံနေသည်။ သူတို့ဘာတွေပြောနေကြလဲ သူမသိပေ။

သူအကြည့်ရုတ်သိမ်းခံနီးအချိန် ထိပ်ပြောင်‌ပြောင်လူက နောက်လူတစ်ယောက်ကို ရိုက်ချလိုက်တာတွေ့လိုက်ရတော့ သူတောင့်ခဲသွားသည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now