Extra 1

3.5K 104 8
                                    

Uni

ဇာတ်လမ်းတစ်ခုရဲ့ဇာတ်သိမ်း ဝတ္တုတစ်ပုဒ်ရဲ့ အဆုံးသတ်ဟာ မင်းသားနှင့် မင်းသမီး ပေါင်းဖက်လေသတည်း ဖြစ်ပေမယ့်
တကယ့််လက်တွေ့ဘဝမှာတော့ ထိုပေါင်းဖက်မှုနောက်မှ ဇာတ်လမ်းက တဖန် အသစ်ပြန်စလေသည်။

အိမ်ထောင်ရေးကို ဘယ်လိုအလှပဆုံးထိန်းသိမ်းသင့်ကြောင်း ခွန်းမလေ့လာခဲ့ဖူးပါ။
ခွန်းနဲ့ မောင့်ရဲ့ အိမ်ထောင်ရေးကိုတော့ အသာယာဆုံးဖြစ်အောင် အိမ်ရှင်မတစ်ယောက်အနေနဲ့ ဖန်တီးထားသည်ပင်။

မောင်နဲ့ ခွန်းဟာ အသွင်တူလို့ အိမ်သူ ဖြစ်ကြသည်တော့ မဟုတ်ပါ။
ခွန်းတို့ နှစ်ယောက်ကြားမှာ မတူညီသည့်အရာတွေ အများကြီးပါ။
ခွန်းတို့ကြားက မတူညီမှုတွေဟာ မျက်လုံးဖြင့် မမြင်နိုင်။
ဘာလို့လဲဆို အဲ့တာဟာ ခွန်းတို့အတွေးတွေ ဖြစ်နေလို့ပင်။

မတူညီမှုများစွာရှိသော်လည်း မတူညီမှုအားလုံးကို မောင်က ညှိယူခဲ့သည်ပင်။
ခွန်းတို့အိမ်ထောင်ရေးဟာ ချစ်ခင်မှု နားလည်မှု ယုံကြည်မှု လေးစားမှုတွေ ရောယှက်ပြီး သာယာသထက် သာယာသည့် အိမ်ထောင်ရေးပါ။
တစ်ခါတစ်ရံ ခွန်းခေါင်းမာတာနဲ့ ခွန်းဆိုးချင်တာကလွဲ၍ ပြည့်စုံလှသည်။

ထိုအချိန်တိုင်းလည်း မောင်က တည်တည်ငြိမ်ငြိမ်နဲ့ သည်းခံပြီး အလိုလိုက်ပေးတော့ ပြဿနာမရှိ။
ရှေ့ဆက်ပြီးတော့လည်း ခွန်းတို့ အိမ်ထောင်ရေးဟာ သာယာသထက် သာယာလိမ့်မည်ဟု ယုံကြည်လျက်.....

အရှိန်တင်ထားသော ပြေးစက်ပေါ်က ခြေလှမ်းတွေဟာ ပုံမှန်အတိုင်းပြေးလွှားနေသည်ပင်။
နေတိုင်း လုပ်နေကျအရာဖြစ်၍ မခက်ခဲတော့ပါ။
ဒါပေမယ့် နေ့တိုင််းမြင်တွေ့နေရပါသော်လည်း တစ်စုံတစ်ယောက်နဲ့ ပတ်သတ်ရင်တော့ ရင်ခုန်သံတွေက အမြဲတမ်း အသစ်ပင်။
ထိန်းချုပ်ရ ခက်ခဲလျက်။

သင်းပျံ့မွှေးကြိုင်သော ရနံ့က နှာခေါင်းဝအတွင်းသို့ ဝင်ရောက်လာသည်။
သူ့ချစ်ဇနီးလေး၏ မနက်စာပြင်ဆင်မှုကတော့ ပြီးဆုံးတော့မည်။
ထို့နောက်တွင်တော့ သူ့ကို လာခေါ်လိမ့်မည်။

လက်ထပ်ပြီးနောက် သူမလေးကို ဆန္ဒရှိသည်အတိုင်း အိမ်တစ်လုံးပြင်ဆင်ခွင့်ပေးသော်လည်း သူမက သူနေသည့်အိမ်ကိုသာ ရွေးချယ်ခဲ့ပါသည်။
အပြင်အဆင်တွေကိုတော့ သူမစိတ်ကြိုက် ပြန်လည်ပြင်ဆင်လိုက်သည်ပင်။

You had me at helloWhere stories live. Discover now