အပိုင်း ၁၀၀ (အချိန်အခါမဟုတ်အိမ်ကိုလာခြင်း)

3K 413 12
                                    

[Zawgyi]

သူတို့ မြို့ကထွက်လာတော့ ကိတ်မုန့်ပူတွေ ရောင်းနေတာတွေ့လို့ ယွီဟိုင်က တချို့ကို ဝယ်ခဲ့လိုက်တယ်။ မိသားစုဝင်တိုင်းက ဒီအချိန်ဆို ရှောင်ချောင်း ဗိုက်ဆာတတ်မှန်း သိနေလေပြီ။ သူတို့ အိမ်ပြန်ရောက်တဲ့အချိန်ဆိုရင် ထမင်းစားချိန်တောင် ကျော်လောက်လေပြီ။ သူ့သမီးကတော့ အူလှိမ့်အောင်ကို ဆာနေတော့မှာပဲ။

ရှောင်ချောင်းက မြည်းလှည်ပေါ်တက်ပြီး ဝါဂွမ်းထည့်ထားတဲ့ အိတ်ကြီးကို ကျောပေးထိုင်လိုက်တယ်။ ပြီးနောက် သူမက လှည်းအောက်ဖက်ကို ခြေတွဲလောင်းချပြီး ကိတ်မုန့်ပူကို တတိတိ ကိုက်စားနေတယ်။ သူမကြည့်ရတာ အေးအေးဆေးဆေးနှင့် ကျေနပ်နေပုံပင်။

"အကို သာ့ဟိုင်! ရှောင်ချောင်း! ကျွန်မရှင်တို့ကို စောင့်နေတာ မြန်မြန်လာခဲ့ကြ!"

မြို့ဂိတ်အပြင်မှာ အမျိုးသမီးဖန်းက အဘိုးကျန်းရဲ့ နွားလှည်းပေါ်မှာ ခေတ္တမျှ စောင့်လို့နေတယ်။ ကြည့်ရတာ ဒီနေ့သူမ အရောင်းအဝယ်ကောင်းခဲ့ပုံပဲ။ လက်ထဲက ခြင်းတောင်းထဲမှာ ဗလာကျင်းနေတာကိုပဲကြည့်။ ကြက်ဥတွေရော ကြက်တွေရော အကုန် ရောင်းထွက်ခဲ့ပုံပင်။

အဘိုးကျန်းကတော့ မြည်းလှည်းကိုဆွဲလာတဲ့ ယွီဟိုင်ကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေတယ်။ ပြီးနောက် သူက

" အာ, သာ့ဟိုင်! ဒီမြည်းလှည်းက ဘယ်ကရတာလဲ? မင်းတို့ ဒါကို တကယ်ကြီး ဝယ်ခဲ့တာလား? ငါ ဝေဖန်တာမဟုတ်ပေမယ့် မင်းမြည်းဝယ်ရင် ဝဖိုင့်ပြီး သန်မာတဲ့ မြည်းကို ရွေးသင့်တယ်... ဒီမြည်းကို အသက်ရှင်အောင် စောင့်ရှောက်နိုင်မှာ မင်းသေချာလို့လား? "

ယွီဟိုင်က ပြုံးလိုက်ပြီး

" ဦးလေးကျန်း ဒီမြည်းက ပိန်ပေမယ့် အရမ်းဖျတ်လတ်တာ... ကျွန်တော်အရင်က တိရိစ္ဆာန်ဆေးပေးခန်းက လူတစ်ယောက်နဲ့ ရက်အတော်များများ ကုန်ဆုံးဖူးတယ်... ဒါကြောင့် ဒီမြည်းကိုမြင်တော့ ကျွန်တော့်အနေနဲ့ ဘာမှ အပြစ်အနာအဆာမတွေ့မိဘူးလေ... သူ့ကျို နည်းနည်းလောက် ကောင်းကောင်းမွန်မွန်ပြုစုလိုက်ရင် ပြည့်ဖြိုးလာမှာပါ... ဒီမြည်းသာ ပိန်မနေဘူးဆို ဘယ်လိုလုပ် ကျွန်တော် ဒီလို ဈေးသင့်တဲ့ ပမာဏနဲ့ ရခဲ့မလဲ"

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now